ထိုင်းနိုင်ငံ မယ့်ဖားလုံဒေသတွင်း မြန်မာ - ထိုင်းနယ်စပ် ဖြတ်ကျော် မူးယစ်ဆေးသယ်အဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားရာအနီးတွင် စိတ်ကြွဆေးပြား (၅)သိန်းကျော် ထပ်မံတွေ့ရှိ

ထိုင်းနိုင်ငံ မယ့်ဖားလုံဒေသတွင်း မြန်မာ - ထိုင်းနယ်စပ် ဖြတ်ကျော် မူးယစ်ဆေးသယ်အဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားရာအနီးတွင် စိတ်ကြွဆေးပြား (၅)သိန်းကျော် ထပ်မံတွေ့ရှိ
မေ 2, 2022

ထိုင်းနိုင်ငံ မယ့်ဖားလုံဒေသတွင်း မြန်မာ - ထိုင်းနယ်စပ် ဖြတ်ကျော် မူးယစ်ဆေးသယ်အဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားရာအနီးတွင် စိတ်ကြွဆေးပြား (၅)သိန်းကျော် ထပ်မံတွေ့ရှိ

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်  မယ့်ဖားလုံဒေသအတွင်း ၂၀၂၂ ခုနှစ် ဧပြီလ (၃၀)ရက်နေ့က နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးသယ်သည့်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာတစ်ဝိုက်ကို ထပ်မံရှာဖွေစစ်ဆေးမှုများအတွင်း နောက်ထပ် မူးယစ်ဆေးပြား (၅)သိန်းကျော် ထပ်မံတွေ့ရှိကြောင်း သိရသည်။

မယ့်ဖားလုံဒေသတွင် ဧပြီလ (၃၀)ရက်နေ့က နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်လာသူများနှင့် နယ်စပ်ကင်းလှည့်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဆေးသယ်သူ (၈)ဦးကို အသေဖမ်းမိကာ စိတ်ကြွရူးသွပ်ဆေးပြား (၄)သန်းခွဲကို သိမ်းဆည်းရမိထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားရာဝန်းကျင်ကို မေလ (၁) ရက်နေ့က ထပ်မံရှာဖွေရာ နောက်ထပ် အိတ် (၅)လုံးကို ထပ်မံတွေ့ရပြီး 999 တံဆိပ်နှင့် Y-1 တံဆိပ်များဖြင့် စိတ်ကြွရူးသွပ်ဆေးပြား (၅၃၀,၀၀၀) ကို ထပ်မံစစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အိတ်များကို ရာဘာခြံအတွင်း ထပ်မံတွေ့ရခြင်းဖြစ်ရာ ပစ်ခတ်မှုမှ ထွက်ပြေးလွတ်မြောက်သွားသည့် မူးယစ်ဆေးသယ်သူများက ပစ်ထားခဲ့ခြင်းဖြစ်မည်ဟု ယူဆထားကြသည်။

မြန်မာ - ထိုင်းနယ်စပ်ကို ကင်းလှည့်နေသည့်အဖွဲ့က ၂၀၂၂ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ နံနက် (၁)နာရီခွဲဝန်းကျင်တွင် နယ်စပ်မှ (၃)မိုင်ကျော်အကွာတွင် အထုပ်အပိုးများသယ်လာသည့် အမျိုးသားဆယ်ဂဏန်းဝန်းကျင်အုပ်စုကို တွေ့ရသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ပစ္စည်းသယ်သည့်အဖွဲ့က စတင်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှု (၁၀)မိနစ်ခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းဖေါ်ထုတ်နေသည်ဟု သိရသည်။



Source & Photo: MAESAIPRESS