ဘားအံမြို့နယ်အတွင်း စာသင်ကျောင်း(၄)ကျောင်းကို လုံခြုံရေး မပေးနိုင်တော့၍ ပိတ်ထားရကြောင်း စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးက KNU ကို အကြောင်းကြားစာပို့

အာဏာသိမ်းစစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်
အာဏာသိမ်းစစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်
ဘားအံမြို့နယ်အတွင်း စာသင်ကျောင်း(၄)ကျောင်းကို လုံခြုံရေး မပေးနိုင်တော့၍ ပိတ်ထားရကြောင်း စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးက KNU ကို အကြောင်းကြားစာပို့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ စာသင်ကျောင်း(၄)ကျောင်းကို လုံခြုံရေးမပေးနိုင်၍ ပိတ်ထားရမှုနှင့် ပတ်သက်ပြီး KNU အနေဖြင့် လက်အောက်အဖွဲ့သားများကို ထိန်းသိမ်းကြပ်မတ်ပေးရန်  အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ ကရင်ပြည်နယ်အစိုးရအဖွဲ့က မတ်လ(၁၄)ရက်နေ့ ရက်စွဲဖြင့် စာပို့အကြောင်းကြားသည့် စာ ထွက်ပေါ်လာသည်။

ဘားအံမြို့နယ်အတွင်းရှိ အထက(တကောင်းဘိုး)၊ အထက(မြိုင်၊ အထက(ခွဲ)ဝဲပျံနှင့် အလက(ဘောသပြုကျောင်း)များ၏ ကျောင်းကော်မတီများက သက်ဆိုင်ရာဝန်ထမ်းများ၏ လုံခြုံရေးကို မပေးနိုင်သောကြောင့်း အဆိုပါ ကျောင်း း(၄)ကျောင်းကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ကစပြီး ပိတ်ထားရသည်ဟု ဆိုသည်။

စစ်ဘက် နယ်ဖက် နှစ်ဖက်စလုံး၏ အုပ်ချုပ်ရေးဆိုင်ရာများကို ဝင်ရောက် စွက်ဖက်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ယခုအခါတွင် KNU အနေဖြင့် NCA သဘောတူစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်၊ နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုမရှိစေရေး လက်အောက်တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းကြပ်မတ်ပေးနိုင်ပါရန် နှင့် ကရင်ပြည်နယ်အစိုးရမှ ကန့်ကွက်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က လက်မှတ်ရေးထိုးကာ အကြောင်းကြားထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မြေပြင်တွင် အထိနာ၍ KNU ၏ တပ်မဟာ(၁) နယ်မြေများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေလျက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာတွင်းနေ ပြည်သူများ စစ်ဘေးရှောင်နေရသော်လည်း စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်ပြည်သူများအတွက် စိုးရိမ်စိတ်မထားဘဲ ထိုးစစ်ကိုသာ ဦးစားပေးနေသည်ကိုလည်း တွေ့ရသည်။