တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၄)ဦးသေ

 ကျောင်းသားတပ်(BSO)နှင့် TSG တပ်ရင်း(၄) [ Photo: တမူး PDF ]
ကျောင်းသားတပ်(BSO)နှင့် TSG တပ်ရင်း(၄) [ Photo: တမူး PDF ]
တမူးမြို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၄)ဦးသေ
ဇန်နဝါရီ 16, 2022

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ (၁၂) နန်းဖာလုံရပ်ကွက် ကားလေးဝန်းအကျော် ကံကြီးဝတံတားအနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄)ဦးသေပြီး (၂) ဦး ဒဏ်ရာရသွားကြောင်း တမူး PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်(တမူး) တပ်ရင်း(၁)၊ တပ်ခွဲ(၃)၊ ကျောင်းသားတပ်(BSO)နှင့် TSG တပ်ရင်း(၄)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြောက်ကျားစနစ်ဆင်နွှဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်(တမူး) တပ်ရင်း(၁)၊ တပ်ခွဲ(၃)၊ ကျောင်းသားတပ်(BSO)နှင့် TSG တပ်ရင်း(၄)တို့သည် မြေပြင်စစ်ဆင်ရေးများကို ပူးပေါင်း၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။