စစ်သင်တန်းတက်ပြီးသည့် PDF များ နယ်စပ် ပြည်တော်ပြန်နှင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများကနေ   ပါလာနိုင်၍ စိစစ်ဖမ်းဆီးရန်  လျှို့ဝှက်ညွှန်ကြားထား

စစ်သင်တန်းတက်ပြီးသည့် PDF များ နယ်စပ် ပြည်တော်ပြန်နှင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများကနေ   ပါလာနိုင်၍ စိစစ်ဖမ်းဆီးရန်  လျှို့ဝှက်ညွှန်ကြားထား
နိုဝင်ဘာ 16, 2021

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်များ နယ်စပ်များကနေ ပြည်တော်ပြန်များအဖြစ် အပြင် နှင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများကနေ အတွင်းသို့ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဌာနများကို သေချာ စိစစ်နိုင်ရန် လျှို့ဝှက်ညွှန်ကြားထားကြောင်း သိရသည်။

မြန်မာ - ထိုင်း နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် စစ်သင်တန်းတက်ပြီး ပြန်လာသူများအား ထိုင်းဘက်သို့ အဝင် အဖမ်းခံပြပြီး ပြည်တော်ပြန်များအဖြစ် လွှဲလာသူများကို သေချာစိစစ်ရန် နှင့် နယ်စပ်ဝင်ပေါက်များအားလုံး ကြပ်မတ်ဆောင်ရွက်ရေး ၂၀၂၁ခုနှစ် နိုဝင်ဘာလ၏ ဒုတိယပတ်နောက်ဆုံးရက်က လျှို့ဝှက်ညွှန်ကြားထားကြောင်း Tachileik News Agency ၏ ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။

ပြည်သူ့ဘဏ္ဍာငွေများဖြင့် ဝယ်ယူဖြည့်တင်းထားသည့် လက်နက်များကို အားကိုးအသုံးချပြီး အာဏာသိမ်းထားသည့် စစ်တပ်သည် ၎င်းတို့အား တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများကို အင်အားအများအပြားဖြည့် ထိုးစစ်ဆင်ခြင်းအပြင် PDF ဟု သတ်မှတ်ကာ ဖမ်းဆီးနေခြင်း ဖြစ်သည်။