မီးရထားများ ပြေးဆွဲရေးအတွက် အရှုံးခံကာ ရထားလမ်များကို ဖွင့်ခိုင်းထားပြီး ဘယ်လောက်ဖျက်ဖျက် ရအောင်လုပ်မည်ဟု မီးရထားနှင့်မြို့ပတ်ရထား ပြေးဆွဲရေး စိတ်အားထက်သန်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းအဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားလိုက်သည်။
ပို့ဆောင်ရေးနှင့် ပတ်သက်ရင် Public Transportation ကို ကျွန်တော်တို့ အားပေးဖို့လိုတယ်။ မီးရထား တွေ၊ မြို့ပတ်ရထားတွေ၊ ဘတ်စ်ကားလိုင်းတွေ။ ဒါတွေများများသုံးနိုင်အောင်လုပ်ပါ၊ ဒါကြောင့် ကျွန်တော်အရှုံးခံပြီး ရထားလမ်းတွေ ဖွင့်ခိုင်းပါတယ်။ ဘယ်လောက်ပဲ ဖျက်ဖျက်ကွာလို့၊ ဘယ်လောက်ပဲဖျက်ဖျက်ရအောင်ဆွဲမယ်ဆိုပြီး ကျွန်တော်လုပ်ပေး နေတယ်။ ရထားလမ်းတွေကိုလည်းရအောင် အဆင့်မြှင့်ခိုင်းနေပါတယ်။
ဟု ပြောကြားသည်။
၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ စစ်ကောင်စီ၏ ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်း အတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေက လျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူဝါဒကို တွက်နေပါတယ်။ အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ ကြေငြာပါ့မယ်။ ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကို ဘယ်အဆင့်မှာပြောင်း ပြီးသားဖြစ်ရမယ်။ Private Use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေ၊ ကားငယ်လေးတွ ဆိုလို့ရှိရင်။ လုပ်ငန်းခွင်သုံးတဲ့ ကားကြီးတွေကတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေ။ နည်းပညာအရအခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့အခြေအနေတွေကျွန်တော်တို့ ကြည့်ရဦးမယ်။ အခုနကပြောတဲ့ လူစီးကားကတော့ဖြစ်တယ်။ ဘတ်စ်ကားတွေဖြစ်နိုင် တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့ လုပ်ရမယ်။ ဒါမှမလုပ်ရင်လဲကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်။
ဟု ထပ်မံပြောကြားသည်။
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က လက်နက်အားကိုးဖြင့် နိုင်ငံ့အာဏာကို သိမ်းယူလိုက်ပြီးနောက် ရက်ပေါင်း (၂၆၀)ကျော်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ပြည်တွင်းက ထွက်ခွာသွားကြသလို ပြည်တွင်း လုပ်ငန်းရှင်များမှာလည်း လုပ်ငန်းများရပ်ဆိုင်းခဲ့ရပြီး နိုင်ငံ့စီးပွားရေး ကျဆင်းနေချိန်တွင် နိုင်ငံ့ဘဏ္ဍာငွေအများအပြားကို သုံးစွဲပြီး ၎င်း၏ လက်ထက်တွင် တိုးတက်အောင် လုပ်နိုင်သည်ကို ပြသချင်နေသူဖြစ်သည်ဟု ပြည်သူများက ရှုမြင်ထားကြသည်။
ဆက်စပ်သတင်း
- တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို စိတ်ကူးယဉ်မဆန်ကြရန် အာဏာသိမ်းခေါင်းဆောင်ဆို
- လက်နက်ကိုင် ဖြေရှင်းသည့် လမ်းစဉ်ကို မလိုလားသော်လည်း အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြား
- တက်ညီလက်ညီ လုပ်ဆောင်ပါက (၁၀)နှစ်အတွင်း အာဆီယံ၏ ထိပ်တန်းနိုင်ငံအဖြစ်ရောက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
- အာဏာသိမ်းခေါင်းဆောင်က စစ်တပ်မှတပ်ဖွဲ့အားလုံး အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်နေရန် ပြောကြားထား
- ဆီကို ချွေတာပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား လုပ်ဆောင်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က လားရှိုးမြို့တွင် ထပ်ပြော
- မီးရထားများ ပြေးဆွဲရေးအတွက် အရှုံးခံကာ ရထားလမ်းများကို ဖွင့်ခိုင်းထားပြီး ဘယ်လောက်ဖျက်ဖျက် ရအောင်လုပ်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော