KNU တပ်မဟာ (၃)နှင့် တပ်မဟာ (၅) နယ်မြေကြား ကဘောတူအရပ်ရှိ အာဏာသိမ်းစစ်တပ်၏ အခြေစိုက်စခန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ နံနက် (၄) နာရီအချိန်တွင်
ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO နှင့် ကေအဲန်ယူ - တပ်မဟာ ၅ မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ ပူးပေါင်း၍ တိုက်ခိုက်သိမ်းယူလိုက်ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ကင်းထောက်ခဲ့ကြောင်း သိရသည်။
KNU - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေများအတွင်း သြဂုတ်လကလည်း တစ်လတာအတွင်း တိုက်ပွဲပေါင်း ( ၂၁၇ ) ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။