YMBA ရုံးချုပ်  လက်လုပ်ဗုံးဖြင့် ပစ်ခံရ

YMBA ရုံးချုပ်  လက်လုပ်ဗုံးဖြင့် ပစ်ခံရ
သြဂုတ် 10, 2021

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်အတွင်း ရေကျော်လမ်းရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အဆောက်အဦးအား ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့ နေ့လည်(၁)နာရီ(၄၅)မိနစ်အချိန်က လက်လုပ်ဗုံးဖြင့် လာရောက်ပစ်သွားကြောင်း YMBA က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

 YMBA ၏ CCTV မှတ်တမ်းများအရ ဗုံးပစ်ပေါက်သူမှာ လမ်းတစ်ဖက်ခြမ်းအကွယ်ကနေ စနက်တံမီးရှို့ကာ ပစ်ပေါက်ထွက်ပြေးသွားခြင်းဖြစ်သည်ကို တွေ့ရသည့်အတွက် ရှာဖွေဖမ်းဆီးသွားမည်ဟု အသိပေးထားသည်။

ယင်းသို့ ဖြစ်ပွားမှုကြောင့် လူနှင့်ပစ္စည်း ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် ယခုလို ဖြစ်ပွားမှုသည် YMBA ၏ ပထမဆုံးအကြိမ်ဖြစ်သည်ဟုဆိုသည်။ 

#TachileikNewsAgency