မရမ်းကုန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ၍ အာဏာသိမ်းစစ်ကောင်တပ်က ညပိုင်းအထိ ပိတ်ဆို့ စစ်ဆေး

Photo: CJ
Photo: CJ
မရမ်းကုန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ၍ အာဏာသိမ်းစစ်ကောင်တပ်က ညပိုင်းအထိ ပိတ်ဆို့ စစ်ဆေး
ဇူလိုင် 25, 2021

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီက ခန့်ထားသည့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့ ညနေပိုင်းက ၎င်း၏ ရုံးပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားပြီးနောက် ည(၁၀)နာရီဝန်းကျင်အထိ ရပ်ကွက်ရုံးအနီးတစ်ဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များက ပိတ်ဆို့ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ရပ်ကွက်(၃) ကျိုက်ဝိုင်းဘုရားလမ်းမကြီးပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးပေါ်သို့ ညနေ (၃) နာရီဝန်းကျင်တွင် အမည်မသိ သေနတ်သမား (၂)  ဦးတက်လာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးမိုးကျော်အား ပစ်ခတ်သဖြင့် အသက် (၄၆)နှစ်ဝန်းကျင်ရှိ အဆိုပါ အုပ်ချုပ်ရေးမှူးမှာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသူဖြစ်ပြီး စစ်တပ်ကို သတင်းပေးနေသူဟုလည်း လူသိများသူဖြစ်ကြောင်း သိရသည်။