ဘားအံမြို့နယ်အတွင်း တိုက်ပွဲ (၄) နေရာ ဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၈) ဦး သေဆုံး

Photo: Chit Lwin Lwin
Photo: Chit Lwin Lwin
ဘားအံမြို့နယ်အတွင်း တိုက်ပွဲ (၄) နေရာ ဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၈) ဦး သေဆုံး
ဇွန် 21, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ နံနက်ပိုင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNU တို့ နေရာ (၄) နေရာတွင် တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၈)ဦး သေသွားကြောင်း သိရသည်။

ဘားအံမြို့နယ်အတွင်း ဇွန်လ (၂၁) ရက်နေ့ နံနက် (၇) နာရီမှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNU တို့ကြား တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ဖာပွန်မြို့နယ်အတွင်းတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်များက ရိက္ခာတင်ပို့မှုများနှင့် တပ်အင်အားတိုးချဲ့နေမှုများကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်ဟုလည်း သိရသည်။