ရန်ကုန်ယူနိုက်တက် ဘောလုံးအကယ်ဒမီ ၏  နည်းပြတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့က ဖမ်းဆီးသွား

ရန်ကုန်ယူနိုက်တက် ဘောလုံးအကယ်ဒမီ ၏  နည်းပြတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့က ဖမ်းဆီးသွား
ဇွန် 20, 2021

ရန်ကုန်ယူနိုက်တက် ဘောလုံးအကယ်ဒမီ ၏ နည်းပြတစ်ဦး ဖြစ်သည့် ကိုမျိုးအောင်ကို ရန်ကုန်မြို့ရှိ နေအိမ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ ည (၁၁) နာရီ (၁၂) မိနစ်ဝန်းကျင်၌ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။



ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နေအိမ်တွင် ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဝင်လာပြီးနောက် ကိုမျိုးအောင်အား ရန်ကုန်ယူနိုက်တက်၏ နည်းပြ ဟုတ်/မဟုတ် အတည်ပြုကာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများက  ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။



ဖမ်းဆီးသည့် အကြောင်းရင်းကို ပြောကြားခြင်းမရှိဘဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး  ဧည့်စာရင်း၊ မှတ်ပုံတင်နှင့် ဖုန်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။