ကျောက်တန်းမြို့နယ် လက်ထောက်ပညာရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျောက်တန်းမြို့နယ် လက်ထောက်ပညာရေးမှူး [Photo: CJ]
ကျောက်တန်းမြို့နယ် လက်ထောက်ပညာရေးမှူး [Photo: CJ]
ကျောက်တန်းမြို့နယ် လက်ထောက်ပညာရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
ဇွန် 16, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၏ လက်ထောက်ပညာရေးမှူးဖြစ်သူ ဦးအေးထွန်းသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှင့် စာတိုက်ရုံးလမ်းကြားတွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်အချိန်က သေနတ်ဖြင့် ပစ်သတ်ခံ၍ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ရုံးသို့လာစဉ် သေနတ်ဖြင့် (၃)ချက်ပစ်ခံရ၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ထောက်ပညာရေးမှူးဖြစ်သူ ဦးအေးထွန်းသည် CDM လုပ်ဆောင်ထားသူ မဟုတ်ကြောင်းနှင့် မြို့နယ်ပညာရေးမှူးမှာ CDM လုပ်ဆောင်သွားသည့်အတွက် မြို့နယ်ပညာရေးမှူးနေရာကနေ ၎င်းသည် CDM လုပ်ဆောင်သည့် ဆရာ၊ဆရာမများ နှင့် ပညာရေးဝန်ထမ်းများကို ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်သူဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာအနီးတွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းအင်အား (၅၀)ဝန်းကျင် ရောက်ရှိလာပြီး  စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။