တီးတိန်တွင် COVID 19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံး

တီးတိန်တွင် COVID 19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံး
မေ 19, 2021 | Covid-19

ချင်းပြည်နယ် တီးတိန်မြို့တွင် အမျိုးသမီးတစ်ဦး COVID 19 ဖြင့် ၂၀၂၁ ခုနှစ် မေလ (၁၉) ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။



အဆိုပါ အမျိုးသမီးလူနာမှာ ကျန်းမာရေးမကောင်းသဖြင့် ပြင်ပဆေးရုံတွင် ကုသမှုခံယူနေရာမှ COVID 19 ရောဂါလက္ခဏာများ တွေ့ရသဖြင့် မေလ (၁၉) ရက်နေ့တွင် စစ်ဆေးရာမှ COVID 19 ပိုးတွေ့ရကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။



ယင်းနောက် ပြည်သူ့ဆေးရုံကြီးတွင် COVID 19 ထပ်မံစစ်ဆေးရန်အသွား လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သေဆုံးသွားသူထံမှ ဓာတ်ခွဲရယူစစ်ဆေးရာ COVID 19 ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရကြောင်း သိရသည်။