ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ် ၊မိုင်းကိုးကျေးရွာအုပ်စု၊မောတွီ ကျေးရွာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန် သည် တာချီလိတ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၇)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ကျိုင်းတုံမြို့နေ ဦးစီလတ် (ပညာရေးငြိမ်း)ဦးဝင်းသိန်း(ပညာရေး)၊တို့နှင့်အတူ ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ဦးဘိုစံ၊ ဦးလွန်းသူ၊ မြို့နယ်ပါတီကော်မတီမှ ဦးညီနပ်၊ဦးချမ်းမြ၊ ပတ္တမြားနဂါးကုမ္မဏီ၊ သံလွင်မိုး
ကုမ္မဏီမန်နေဂျာများလိုက်ပါပြီး (၁၃-၄-၂၀၁၃)ရက်နေ့၊နေ့လည် (၁၃း၀၀)အချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊မောတွီကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး
မောတွီကျေးရွာအနီးရှိ ကျေးရွာ(၇)ရွာမှသူကြီးများ၊ ရပ်မိ-ရပ်ဖများဖြင့်တွေ့ဆုံ
မှုများပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး မှယနေ့လာ ရောက်သည့်ကိစ္စနှင့်ပတ်သက်ပြီး လားဟူဘာသာစကားဖြင့် မိတ်ဆက်စကား
ပြောကြားခြင်း၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးမှ ယနေ့နိုင်ငံတော်ပြုပြင်
ပြောင်းလဲနေမှုအခြေအနေများအပေါ် မိမိတို့တိုင်းရင်းသားများအနေဖြင့် မသိ
လိုက် မသိဘာသာနေထိုင်ခြင်းမပြုရန်၊ ပွင့်လင်းမြင်သာသည့်ခေတ်တွင် ပွင့်
လင်းမြင်သာမှုများကို သိရှိနားလည်ရန် ၊အရာရာစည်းကမ်းတစ်ကျ ကျင့်ကြံ
နေထိုင်သွားကြရန်၊ မိမိတို့လာရောက်စဉ်မှာ ဒေသအခက်အခဲများရှိက ပွင့်ပွင့်
လင်းလင်းတင်ပြပေးကြရန် လားဟူဘာသာစကားဖြင့်ပြောကြားသွားပါသည်။
တွေ့ဆုံပွဲတွင်မိုင်းကိုးအုပ်စု ပြည်ခိုင်ဖြိုးပါတီတာဝန်ခံဦးချမ်းမြမှယနေ့တွေ့ဆုံ ပွဲသို့ မောတွီကျေးရွာအပါအ၀င်၊ဟိုနား၊ပါကွေ့၊န်ီလီမွန်း၊ဟာကျား၊မက်မွန်တာ
(၁၊၂)ကျေးရွာသူကြီးများ ရပ်မိ-ရပ်ဖများတက်ရောက်ပါကြောင်း၊ကျေးရွာများ
အနေဖြင့် အဓိကလိုအပ်နေသည်မှာ လျှပ်စစ်မီးနှင့် သောက်သုံးရေးရရှိရန်
လိုအပ်နေသဖြင့် ကူညီနိုင်လျှင်ကူညီပေးပါရန် လူထုနှင့်သူကြီးများကိုယ်စား
တင်ပြလိုပါကြောင်း ကျေးရွာ(၇)ရွာမှ ယခုတွေ့ဆုံပွဲသို့တက်ရောက်လာသည့်
သူကြီးများနှင့် ရွာအလိုက်အိမ်ခြေစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါကြောင်း
တင်ပြသွားပါသည် -
၁။ မောတွီကျေးရွာ မှသူကြီး ဦးစိုးမြင့်၊ဦးလီးဟား တက်ရောက်ပြီးအိမ်ခြေ
(၁၀၅)။
၂။ ဟိုနားကျေးရွာ သူကြီး ဦးမောဒေါင် တက်ရောက်ပြီး အိမ်ခြေ(၂၀)။
၃။ ပါကွေ့ရွာသူကြီး ဦးအားဖါ တက်ရောက်ပြီး အိမ်ခြေ (၃၂)အိမ်။
၎။ ဆီလီမွန်းကျေးရွာသူကြီးဦးကျိုင်းကျောက်တက်ရောက်ပြီးအိမ်ခြေ(၃၂)
၅။ ဟာကျားရွာသူကြီး ဦးယာဂါ တက်ရောက်ပြီး အိမ်ခြေ(၃၂)အိမ်။
၆။ မက်မွန်တာ(၁)သူကြီး ဦးကျာကော တက်ရောက်အိမ်ခြေ(၂၂)အိမ်။
၇။ မက်မွန်တာ(၂)သူကြီး ဦးကျလား တက်ရောက်အိမ်ခြေ(၂၄)အိမ်တို့ဖြစ်
ပါသည်။
ထို့နောက် ဟာကျားကျေးရွာသူကြီး ဦးအားဂါမှ မြင့်ဦးအောင်ကုမ္မဏီလုပ်ကွက်
တွင် မိမိစိုက်ပျိုးထားသည့်သစ်ခေါက်(၁၂၀၀)ပင်ဖျက်ဆီးသည့်အထဲမှာပါသွား
သဖြင့် နစ်နာမှုအဖြစ် တစ်ပင်လျှင်(၁၀၀-ဘတ်)ရချင်ပါသဖြင့် စေ့စပ်ပေးပါရန်
တင်ပြသွားပါသည်။
ကျန်ကျေးရွာသူကြီးများနှင့် ရပ်မိ-ရပ်ဖများအားလုံးမှ ကျေးရွာတွင်မီးလင်း
ရေး၊သောက်သုံးရေးရရှိရေးကိုဦးစားပေးကူညီရန်တင်ပြကြပါသည်။
တင်ပြချက်များအပေါ်တွင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပတ္တမြားနဂါး၊ သံလွင်မိုး
ကုမ္မဏီမန်နေဂျာ နှင့် ပြည်ခိုင်ဖြိုးပါတီကော်မတီများမှ အောက်ပါအတိုင်းဆုံး
ဖြတ်
ညှိနှိုင်းခဲ့ကြပါသည်-
၁။ လျှပ်စစ်မီးလိုအပ်နေသည့်ကျေးရွာ(၇)ရွာသို့ လျှပ်စစ်ဓါတ်အားလိုင်းကို
တိုင်များ၊မီးကြိုးများအတွက် ခန့်မှန်းထိုင်းဘတ်သိန်း(၃၀)ကို အကုန်အ
ကျခံလှူဒါန်းပေးသွားရန်၊လုပ်ငန်းကိုယခု (၄)လပိုင်းကုန်လျှင်စတင်
လုပ်ဆောင်ရန်။
၂။ မီးလိုအပ်နေသည့်ကျေးရွာများအနေဖြင့် မိမိအိမ်တွင်အသုံးပြုမည့်မီ
တာဘောက်များ၊ ကျေးရွာထရန်စဖော်မာ၊ကျေးရွာသုံး၈-မစ်မီးတိုင်များ
ကို သူကြီးနှင့်ရွာသားများ အစီအစဉ်ဖြင့်လုပ်ဆောင်သွားရန်။
၃။ သောက်သုံးရေရရှိရေး ကျေးရွာလမ်းကောင်းမွန်ရေးများအတွက်ကိုလည်း
ပတ္တမြားနဂါး၊သံလွင်မိုး ကုမ္မဏီတို့မှ ကူညီဆောင်ရွက်ရန်။
၎။ ဟာကျားကျေးရွာသူကြီးတင်ပြသည့် သစ်ခေါက်ပင်တစ်ပင်လျှင်နစ်နာမှု
(၁၀၀-ဘတ်)ကိစ္စအား ပါတီ မှ မြင့်ဦးအောင် ကုမ္မဏီဖြင့် ညှိနှိုင်းပေးရန်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး မှမိမိအနေဖြင့်ယခုတတ်
နိုင်သမျှကူညီပေးသွားတာဖြစ်ပါတယ်၊ နောက်နောင်ဒီလမ်းတွေ ဒီတောင်ပေါ်
တွေမှာ လမ်းကောင်းမွန်ရေး၊လျှပ်စစ်မီးထိန်လင်းစေရေးများကို မိမိအထူးဂရု
ပြုပြီး ဒီဒေသအတွက် လုပ်ဆောင်ပေးသွားပါ့မယ်လို့လည်းပြောကြားသွားခဲ့ပါ
တယ်။
တွေ့ဆုံပွဲပြီးဆုံးသည့်နောက်လားဟူတိုင်းရင်းသားရေးရာဝန်ကြီးဦးရှာမွေလှရှဲန်
မှ ယခုလို ပွင့်ပွင့်လင်းလင်းတင်ပြလာသော ကျေးရွာသူကြီးများကိုအထူးကျေး
ဇူးတင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လူထုလိုလားချက်များအပေါ် ဂရု့စိုက်
ပြီး မြန်မြန်ဆန်ဆန်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊မိမိတို့အင်အားဖြင့်
အခက်အခဲရှိလျှင်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရထံတင်ပြပြီးကူညီပေး
သွားမှာဖြစ်ပါကြောင်း၊ စိတ်ချမ်းသာစွာနေထိုင်သွားကြပါလို့ပြောကြားသွားပါ
သည်။