ဒေသတွင်း လိုင်စင်မဲ့ မော်တော်ကားများ သိမ်းဆည်းမည်ဟု အသံများထွက်ပေါ်ခြင်းကြောင့် လိုင်စင်မဲ့ မော်တော်ယာဉ်ဈေးကွက်အတွင်း အရောင်းအ၀ယ်အေးစက်လျှက်ရှိကြောင်း အရောင်းအ၀ယ်လုပ်သူများထံမှသိရသည်။
"မော်တော်ယာဉ်ဥပဒေသစ်ကို နှစ်သစ်မှာ အကောင်းအထည်ဖေါ်မယ်ကြားလို့ ကားရှိတဲ့လူတွေတောင် တောတွေထဲမှာ သွားဖွတ်ထားတယ်ကြားတယ်၊ အရောင်းအ၀ယ်ကတော့ တစ်စီးမှကိုမဖြစ်တော့တာ"ဟု တာချီလိတ်မြို့မှ ကားဝယ်ရောင်းလုပ်သူ ကိုနေမျိုးမှပြောသည်။
ရှမ်းပြည်နယ်အနှံအပြားတွင် လိုင်စင်မဲ့ မော်တော်ကားများသာ စီးနင်းမှုများပြားပြီး ဈေးကွက်ခိုင်မာစွာရှိနေသည့်အတွက် ယခင် စစ်အစိုးရလက်ထက်တုန်းကကဲ့သို့ သိမ်းဆည်းမှုများရှိပါက ဒေသတွင်း စီးပွားရေးကြပ်တည်းသွားနိုင်ကြောင်း၊ စီးနင်းနေသူတစ်ချို့မှာလဲ ရောင်းချလိုသူသာများပြားပြီး ၀ယ်သူနည်းပါးလျှက်ရှိကြောင်း၎င်းထံမှသိရသည်။
"အဓိကကတော့ စည်းကမ်းရှိဖို့ လုပ်ဆောင်မှာပါ၊ မော်တော်ဆိုင်ကယ်ဆိုရင် ဦးထုတ်ဆောင်းထားမယ်၊ မေးသိုင်းကြိုးတပ်ထားရင် ကျွန်တော်တို့မဖမ်းပါဘူး၊ ကားဆိုလဲ ခါးပါတ်တပ်ထားရမယ်၊ ယာဉ်မောင်းလိုင်စင်ရှိရမယ် ဒါမျိုးစည်းကမ်းတစ်ကျရှိဖို့အရင်လုပ်မှာပါ သိမ်းဆည်းတဲ့အပိုင်းတော့ ဥပဒေအရဘဲခင်ဗျ"ဟု ယာဉ်ထိမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှပြောသည်။