တာချီလိတ်တွင် ထိုင်းနိုင်ငံသား(၄)ဦးနှင့်မြန်မာနိုင်ငံသား(၂)ဦးတို့ထံမှ လက်နက်များ ဖမ်းဆီးရမိ

တာချီလိတ်တွင် ထိုင်းနိုင်ငံသား(၄)ဦးနှင့်မြန်မာနိုင်ငံသား(၂)ဦးတို့ထံမှ လက်နက်များ ဖမ်းဆီးရမိ
ဒီဇငျဘာ 12, 2018
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား (၂)ဦးနှင့် ထိုင်းနိုင်ငံသား(၄)ဦးကို ရှမ်းပြည်နယ်လက်နက်အမိန့်ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။



မြန်မာနိုင်ငံသား(၂)ဦးဖြစ်သည့် အသက်(၅၀)အရွယ် စိုင်းဆိုင်းနှင့် အသက် (၄၄)နှစ်အရွယ် ကျော်စိန်၊ ထိုင်းနိုင်ငံသားများဖြစ်ကြသည့် အသက်(၂၉)နှစ်အရွယ် Somchai Maha Frannoon၊ အသက် (၄၀)အရွယ် Suberk၊ အသက်(၃၇)နှစ်အရွယ် Thanatip နှင့် အသက် (၃၉)နှစ်အရွယ် Naijai တို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၄၅/၂၀၁၈ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)အရ အမှုဖွင့် စစ်ဆေးနေပြီး ထိုင်းနိုင်ငံသား (၄)ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်နိုင်ရန် စစ်ဆေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား (၂)ဦးနှင့် ထိုင်းနိုင်ငံသား(၄)ဦးကို ရှမ်းပြည်နယ်လက်နက်အမိန့်ဖြင့် အမှုဖွင့်စစ်ဆေးနပြေီး လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ (၆)ဦး ပါဝင်သည့်အဖွဲ့သည် ကားတစ်စီးဖြင့် မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ ဝင်ရောက်လာစဉ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ ညနေ (၅)နာရီအချိန်က မြို့အဝင်ရှိ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးနေသည့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်တွင် လိုက်ပါလာသည့် ထိုင်းနိုင်ငံသား Somchai Maha Frannoon ထံမှ Colts(.45 Automatic Caliber) အမျိုးအစား CU33092 နံပါတ်ပါ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခု၊ ကျည် (၁၀) တောင့်၊ Thanatip ထံမှ Pietro Beretta(PB) အမျိုးအစား 1182673Z နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်(၁)ခု၊ 9MM Luger ကျည် (၁၂) တောင့်နှင့် Pietro Beretta(PB) အမျိုးအစား G25320Z နံပါတ်ပါပစ္စတိုသေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ 9 MM Luger ကျည် (၁၂) တောင့်တို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့်၎င်းတို့စီးနင်းလာသော မော်တော်ယာဉ်နှင့်အတူ လက်နက်၊ ခဲယမ်းများအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား(၂)ဦးဖြစ်သည့် အသက်(၅၀)အရွယ် စိုင်းဆိုင်းနှင့် အသက် (၄၄)နှစ်အရွယ် ကျော်စိန်၊ ထိုင်းနိုင်ငံသားများဖြစ်ကြသည့် အသက်(၂၉)နှစ်အရွယ် Somchai Maha Frannoon၊ အသက် (၄၀)အရွယ် Suberk၊ အသက်(၃၇)နှစ်အရွယ် Thanatip နှင့် အသက် (၃၉)နှစ်အရွယ် Naijai တို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၄၅/၂၀၁၈ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)အရ အမှုဖွင့် စစ်ဆေးနပြေီး ထိုင်းနိုင်ငံသား (၄)ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အမှုဖွင့်နိုင်ရန် စစ်ဆေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~