မိုင်းကိုင်မြို့တွင် စာမေးပွဲဖြေရန်သွားသည့် ကျောင်းသားကျောင်းသူ(၂၄)ဦး၏ ယာဉ်တိမ်းမှောက်မှုဖြစ်

မိုင်းကိုင်မြို့တွင် စာမေးပွဲဖြေရန်သွားသည့် ကျောင်းသားကျောင်းသူ(၂၄)ဦး၏ ယာဉ်တိမ်းမှောက်မှုဖြစ်
ဖေဖော်ဝါရီ 21, 2017
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့သို့ စာမေးပွဲဖြေရန်သွားသည့် ဟမ်းငိုင်းရွာမှ ကျောင်းသားကျောင်းသူ(၂၄)ဦး တင်ဆောင်လာသည့် မော်တော်ယာဉ်တိမ်းမှောက်သဖြင့် (၁၉)ဦး ဆေးရုံတင်ပို့ထားရပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

“ကုန်းဆင်းမှာ ဂီယာချိန်းတာ ချိန်းမရဘဲ ဘေးကနံရံကို ဝင်တိုက်မိတာ”ဟု အဆိုပါကားဖြင့် လိုက်ပါလာသည့် ဆရာမတစ်ဦးက ပြောသည်။

ဟမ်းငိုင်းရွာမှ မိုင်းကိုင်မြို့သို့ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က စာမေးပွဲဖြေရန်သွားသည့် အဌမတန်း၊ စတုတ္ထတန်းကျောင်းသားများနှင့် ဆရာမများလိုက်ပါလာသည့်ယာဉ်သည် နံနက်(၁၀)နာရီခန့်တွင် မိုင်းကိုင်မြို့နှင့် (၂၃)မိုင်ခန့်အကွာ တိမ်းမှောက်သွားခြင်းဖြစ်ပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါယာဉ်တိမ်းမှောက်မှုမှ ဒဏ်ရာရသူများအား မိုင်းကိုင်မြို့ဆေးရုံတွင် (၃) ဦး၊ လွိုင်လင်ဆေးရုံတွင် (၁၂)ဦးနှင့် တောင်ကြီးမြို့ဆေးရုံတွင် (၂)ဦး ကုသမှုခံယူနေရကြောင်း သိရသည်။
မိုင်းကိုင်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၇ ဖြင့် အမှုဖွင့်အရေးယူုဆောင်ရွက်နေကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~