တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းဒေသရှိ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရအား ထိုင်းနိုင်ငံမှ ပြန်လည်ပင့်ဆောင် ကိုးကွယ်ရန်ကိစ္စနှင့် ပတ်သက်၍ ဆရာတော်၏ ကျောင်းတော်နှင့် ရှေးဟောင်းဘုရားကျောင်းများ၊ သာသနိက အဆောက်အဦးများအား ပြန်လည်မွမ်းမံဆောင်ရွက်ထားနိုင်ရန်အတွက် ချိတ်ပိတ်ထားသည့် ကျောင်းတော်နှင့် ရှေးဟောင်းဘုရားကျောင်းများအား ဇွန်လ(၂၆)ရက်နေ့ နေ့လည်ပိုင်းက အဆိုပါကိစ္စနှင့်ပတ်သက်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြသည်။
ကွင်းစစ်စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦး၊ မြို့နယ် သာသနာရေး ဦးစီးအရာရှိ ဦးရင်မောင်ထွန်း၊ ပြည်ခိုင်ဖြိုးပါတီမှ မိုင်းဖြတ်ခရိုင်ကော်မတီဝင် ဦးဘိုစံ နှင့်