တာချီလိတ်မြို့တွင် ရေစီးရေလာကောင်းမွန်ရေး လမ်းဘေးဝဲယာ အုတ်စီရေနှုတ်မြောင်းများ ဆောင်ရွက်

တာချီလိတ်မြို့တွင် ရေစီးရေလာကောင်းမွန်ရေး လမ်းဘေးဝဲယာ အုတ်စီရေနှုတ်မြောင်းများ ဆောင်ရွက်
သြဂုတ် 28, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ရေစီးရေလာ ကောင်းမွန်ပြီး၊ မြို့သန့်ရှင်းသာယာလှပရေး ကွန်ကရစ်လမ်းများ၊ ကတ္တရာလမ်းများအဖြစ် တိုးချဲ့ ဆောင်ရွက်ခြင်း လမ်းဘေး ၀ဲယာ အုတ်စီရေနှုတ်မြောင်းများ၊ လမ်းဖြတ်ရေးနှုတ်မြောင်းများနှင့် ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ အား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၁,၄၇၀,၀၀၀)ဖြင့် ဆေခမ်းရပ်ကွက် အတွင်းရှိ ဗိုလ်ချုပ်လမ်းဘေးဝဲယာ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ ရန်ပုံငွေကျပ် (၁၀,၃၀၀,၀၀၀)ဖြင့် တရုတ်ဘုံကျောင်းရှေ့လမ်း အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ ရန်ပုံငွေကျပ်သိန်း(၃၅၀)ဖြင့် ဘုရင့်နောင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း နှင့် ငွေကျပ်(၂၈,၅၄၅,၀၀၀)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်အောင်မြေရပ်ကွက်နှင့် မယ်ခေါင် ရပ်ကွက် ဆက်သွယ်သည့်အရှည် (၂၆)ပေ၊ အကျယ်(၁၈)ပေ ရှိ သံကူကွန်ကရစ်အမျိုးအစား မယ်ခေါင် ချောင်းကူး တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သြဂုတ်လ (၂၆)ရက်၊ နံနက်က မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊ အတွင်းရေးမှူး ဦးကျော်ဇင် ၊ မြို့နယ်စည်ပင် သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးလှမျိုး နှင့် တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းနှင့် အချိန်မီ ဆောင်ရွက်ပြီးစီးရေးအတွက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net