သူခိုးသတင်း

သူခိုးသတင်း
စက်တင်ဘာ 30, 2015
By Tachileik News Agency

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေထိုင်သူ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)မှ ပြင်ပဆက်ဆံရေး တာဝန်ခံ ဒုခေါင်းဆောင်၏ နေအိမ်မှ လက်နက်၊ ငွေများနှင့် ကွန်ပျူတာ(၂)လုံး ပျောက်ဆုံးသွားကြောင်း သိရသည်။

"၀"အထူးဒေသ(၂)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးအားလို(ခ)ဦးအားတယ်မှာ နေအိမ်အပေါ် စာကြည့် စားပွဲအံဆွဲအတွင်း ၎င်းအား တပ်ဖွဲ့မှ ထုတ်ပေးထားသော ပန်ဆန်း"၀"ဗဟိုဌာနချုပ်ပိုင် GLOCK 26 Austria 45 Auto နံပါတ် KV-B676 သေနတ်(၁)လက်၊ ကျည်ဘောက်(၂)ခု၊ ကျည်(၈)တောင့်နှင့်အတူ ထိုင်းဘတ်ငွေ(၆၈၀,၀၀၀)ဘတ်၊ မြန်မာကျပ်ငွေ(၂၅)သိန်း၊ ကွန်ပျူတာလက်တော့ပ်(၂)လုံး၊ ဖုန်း(၁)လုံးတို့ ပျောက်ဆုံးနေသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်မင်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၏ စုံစမ်းချက်အရ ပစ္စည်းများ ခိုးယူသွားသော သူများမှာ သေနတ်အား ငွေကြေးဖြင့် ပြန်လဲလှယ်ရန် ချိန်းဆိုချက်အရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပျောက်တာက စက်တင်ဘာလ (၄)ရက်နေ့ကတည်းက ပျောက်တာ၊ စခန်းကို အမှုလာဖွင့်တာက စက်တင်ဘာလ(၂၈)ရက်နေ့မှ၊ ဒါပေမယ့် အခု(၂၉)ရက်နေ့မှာ တရားခံကို ကျွန်တော်ကိုယ်တိုင် တပ်ဖွဲ့တွေနဲ့သွားဖမ်းလာခဲ့တာပါ"ဟု တာချီလိတ်စခန်းမှူး ဒုရဲမှူးကျော်သန်းမှပြောကြားသည်။

ဖမ်းဆီးရမိသော သူအား စစ်ဆေးချက်အရ ပူးပေါင်းခိုးယူသူ(၃)ဦးဖြစ်ပြီး တာချီလိတ်မြို့မရဲစခန်းမှ လိုက်လံဖမ်းဆီးရာ တရားခံဟု ယူဆသူ(၂)ဦးအား ဖမ်းဆီးရမိထားပြီး (၁)ဦးမှာ ထွက်ပြေး တိမ်းရှောင်နေလျှက်ရှိကြောင်း သိရသည်။

ပြန်လည်ရရှိသော လက်နက်နှင့် သက်သေခံပစ္စည်းများအား တရားခံဟု ယူဆရသူများအား တာချီလိတ်မြို့မရဲစခန်း (ပ)၂၀၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်းသိရသည်။

"ပျောက်တာက စက်တင်ဘာလ (၄)ရက်နေ့ကတည်းက ပျောက်တာ၊ စခန်းကို အမှုလာဖွင့်တာက စက်တင်ဘာလ(၂၈)ရက်နေ့မှ၊ ဒါပေမယ့် အခု(၂၉)ရက်နေ့မှာ တရားခံကို ကျွန်တော်ကိုယ်တိုင် တပ်ဖွဲ့တွေနဲ့သွားဖမ်းလာခဲ့တာပါ"ဟု တာချီလိတ်စခန်းမှူး ဒုရဲမှူးကျော်သန်းမှပြောကြားသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net