စတုတ္ထတန်းနှင့် အဌမတန်းအောင်စာရင်းများအား ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်မည်

စတုတ္ထတန်းနှင့် အဌမတန်းအောင်စာရင်းများအား ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်မည်
ဧပြီ 17, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီလ (၁၇) ရက်
၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် စတုတ္ထတန်းနှင့် အဌမတန်းအောင်စာရင်းများအား ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်နိုင်ရန် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ အကြောင်းကြားထားကြောင်း သိရသည်။
အောင်စာရင်းထုတ်ပြန်ရာတွင် အဆင့် (၃)ဆင့်ခွဲ၍ ထုတ်ပြန်မည်ဖြစ်ပြီး ရမှတ် (၈၀) မှ ရမှတ် (၁၀၀) အထိအား အဆင့် (A)၊ ရမှတ် (၆၀) မှ ရမှတ် (၇၉) အထိကို အဆင့် (B)၊ ရမှတ် (၄၀) မှ ရမှတ် (၅၉) အထိကို အဆင့် (C) အဖြစ် အသီးသီးသတ်မှတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net