တာချီလိတ်တွင် သတင်းအရရှာဖွေသည့်နေအိမ်မှ မူးယစ်ဆေးသုံးစွဲနေသူနှင့် စိတ်ကြွဆေးပြား ၂၀ ဖမ်းမိ

တာချီလိတ်တွင် သတင်းအရရှာဖွေသည့်နေအိမ်မှ မူးယစ်ဆေးသုံးစွဲနေသူနှင့် စိတ်ကြွဆေးပြား ၂၀ ဖမ်းမိ
မတ် 8, 2017
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းကိုင်းကျေးရွာ အုပ်စု၊ ရန်ရှင်း(၂)ရွာရှိ အားဖော်၏ နေအိမ်အား မတ်လ (၈) ရက်နေ့ နံနက်(၇)နာရီအချိန်က သက်ဆိုင်ရာရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက် ရှာဖွေရာ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀)ပြားနှင့် မူးယစ်ဆေးသုံးစွဲရန် ရောက်နေသူ တစ်ဦးတို့ကို ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)သိရသည်။
ရဲတပ်ဖွဲ့သည် သတင်းအရ အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးသုံးစွဲရန်ရောက်နေသည့် ထူးထူးစောဆိုသူကိုလည်းတွေ့ရပြီး အားဖော်အိပ်သည့် အိပ်ယာခေါင်းရင်းမှ  WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀)ပြား၊ အလေးချိန် (၂)ဂရမ်ခန့်၊ ဒေသတန်ဖိုး (၃၀၀၀၀)ကျပ်ခန့်အားလည်းကောင်း၊ ထူးထူးစောအိပ်နေသည့် အိပ်ယာခြေရင်းဘက်မှ ဘိန်းရှုရာတွင် အသုံးပြုသည့် ဘိန်းပြောင်း(၁)ခု၊ ဆီမီးခွက်(၁)ခုနှင့် စိတ်ကြွဆေးပြားရှုရာတွင် အသုံးပြုသည့် ပိုက်တပ်လျှက် ကော်ဗူး(၁)ဗူးတို့အား လည်းကောင်း စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အားဖော်နှင့် ထူးထူးစောတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~