"တဲငယ်လေးထဲမှ အပါယ်ခံအဖွား "

"တဲငယ်လေးထဲမှ အပါယ်ခံအဖွား "
မေ 20, 2015
By Tachileik News Agency

အပိုင်း(၁)
 ၂၇---၄---၂၀၁၅---တနင်္လာ
ဆင်းရဲဒုက္ခရောက်နေသူတွေကို မကြည့်ရက်တဲ့စိတ်နဲ့ အဆင်မပြေတဲ့သူတွေကို အဆင်ပြေစေချင်တဲ့ စိတ်ထားလေးတွေရှိနေတဲ့ သူဟာကရုဏာတရားရှိတဲ့သူပါ၊သူကိုယ်တိုင် ကူညီနိုင်တာ မကူညီနိုင်တာအသာထားပါ၊

အဲဒီလိုပါပဲ လူကို မမြင်ဘူးသော်လည်း တကယ်လေးစားစရာကောင်းသလို ကရုဏာတရား
အပြည့်ရှိပြီး ကိုယ်ချင်းစာတရားများ အပြည့်ထားတဲ့ မ(--  -)ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ၁၈-၄-၂၀၁၅ (စနေနေ့) ညနေ(၄း၃၀)နာရီမှာ ကျွန်တော်တို့မဇ္ဈိမလူမှုကူညီရေးအသင်း
ရုံးဖုန်းကိုဆက်သွယ်လာပါတယ်အသက်(၆၀)ကျော်အဖွားအိုတစ်ဦးအဝတ်အစားမပါ
ကိုယ်တုံးလုံးနဲ့ တာချီလိတ်မြို့ (-----) နေရာရှိတဲငယ်လေးတစ်ခုအတွင်းမှာရှိနေကြောင်း

အညစ်အကြေးများနဲ့နံစော်နေကြောင်းအကူအညီပေးလို့ရရင်ကူညီပေးပါရန်ပြောလာ
ကြောင်းကို ဖုန်းလက်ခံစကားပြောခဲ့တဲ့မဇ္ဈိမ အသင်းမှ အမာခံအသင်းသားတစ်ဦးဖြစ်
သူ ကိုနေမျိုးမှကျွန်တော့ကိုပြောပြလာပါတယ်၊

ကျွန်တော်တိုမြို့မှာသူပြောသလိုမျိုးမရှိနိုင်ပါဘူးလို့စဉ်းစားရင်းနဲ့တကယ်ကိုစိတ်ဝင်
စားစရာသတင်းဖြစ်နေပြီပဲညီလေးဟုတ်ရင်အမြတ်မဟုတ်ရင်လည်းအရင်းပါပဲကဲ
ခုပဲသွားကြည့်ရအောင်လို့ပြောပြီး ရုံးမှာရှိတဲ့အသင်းသားတွေကိုခေါ်ကာဖုန်းဆက်
ပြောလာတဲ့(-----)နေရာလေးကိုချက်ချင်းသွားကြည့်လိုက်ပါတယ်---၊

နောက်တစ်နေ့ဖြစ်သည့် ၁၉-၄-၂၀၁၅ (တနင်္ဂနွေနေ့)နေ့လည်ပိုင်းတွင်အဖွားထံ
သွားကြရန်အားတဲ့အသင်းသား/သူများမဇ္ဈိမ လူမှုကူညီရေးအသင်းရုံးခန်းသို့လာ
ပေးကြပါရန်ဖုန်းဆက်ပြောထားလိုက်လို့နံနက်(၁၁း၄၅)အချိန်ခန့်တွင်အသင်းသား
များရောက်ရှိလာကြပါတယ်-၊

အဖွားထံသွားရန်ရောက်ရှိလာကြတဲ့ အသင်းသား/သူများကိုအရင်ဆုံးအဖွားထံ
မသွားခင်သွားမည့်အကြောင်းအရင်းနှင့်ဆောင်ရန်၊ရှောင်ရန်အချက်များကိုအသိပေး
စကားအရင်ပြောခဲ့ပါတယ်--၊

သားတို့သမီးတို့ဘလေးခုပြောပြတာကိုသေချာနားထောင်ပေးကြပါ---၊
အခုဘလေးတို့သွားကူညီပေးမဲ့အဖွားရဲ့ကိစ္စကအခါတိုင်းကူညီပေးနေမှုတွေနဲ့
မတူဘူးနော်ဘလေးတို့ကတော့မနေ့က သွားကြည့်လာခဲ့ပြီးပါပြီသားတို့သမီးတို့
လည်း အဖွားကိုတွေ့ရင်ထိခိုက် နာကျင်စွာခံစားရမယ်ဆိုတာဘလေးကြိုသိပါတယ်---၊

ဘလေးအဓိကပြောချင်တာက ခုအဖွားဟာ အဝတ်အစားမပါကိုယ်တုံးလုံးနဲ့
နေရတာပါခြေထောက်နှစ်ချောင်းလုံးကလည်းဆန့်မရတော့ဘူးကွေးကွေးလေး
ဖြစ်နေတာအောက်ပိုင်းတစ်ခုလုံးမှာလည်း မစင်တွေနဲ့ပေလူးနေတာပဲ အဲဒီလိုပုံစံ
မျိုးနဲ့သူနေရတာဘယ်လောက်ကြာနေပြီလဲဆိုတာကိုအတိအကျတော့မသိရသေး
ဘူး.၊ဘလေးတို့ခုလုပ်နေတဲ့အလုပ်ကဒုက္ခရောက်နေတဲ့သူတွေကိုစွမ်းနိုင်သလောက်
ကူညီပေးနေပြီးကူညီးပေးမှုတိုင်းမှာလည်းအခကြေးငွေ(လုံးဝ)မယူပဲမေတ္တာသက်
သက်နဲ့သာကူညီပေးနေတယ်ဆိုတာသိပြီးသားနော်ခုလည်းဒုက္ခရောက်နေတဲ့
အဖွားကိုသွားရောက်ကူညီပေးမှာဖြစ်တဲ့အတွက်ဒုက္ခရောက်အောင်လုပ်ထားတဲ့
သူတွေအပေါ်မှာလည်းအနည်းနဲ့အများထိခိုက်နစ်နာမှုတော့ရှိနိုင်ပါတယ်၊
ဒါကြောင့်ထိခိုက်နစ်နာမှုရှိခဲ့ရင် အရင်ဆုံးစဉ်းစားတွေးခေါ်ကာသေချာသုံးသပ်
ဆုံးဖြတ်ပြီးအမှားအမှန်ခွဲခြားသိမြင်နိုင်အောင်ကြိုးစားရမယ်၊ ပြီးတော့ထိခိုက်
နစ်နာမှုနည်းနိုင်သမျှနည်းအောင်ကြိုးစားဆောင်ရွက်ရမယ်ဆိုတာကိုလည်း
ဘလေးခဏခဏပြောပြထားပြီးသားဖြစ်ပေမဲ့ခုထပ်မံသတိပေးချင်တယ်-၊

အဖွားကိုသွားပြီးကူညီပေးတဲ့အခါမှာအဖွားနဲ့ပါတ်သက်ပြီးနောက်ဆက်တွဲ
တွေကိုမတွေးဖို့၊မမေးမိဖို့၊မပြောမိဖို့ကိုအဓိကထားမှာချင်ပါတယ်၊

ဗြဟ္မစိုရ်တရား(၄)ပါးကိုလည်း ဘလေးခဏ ခဏရှင်းပြဖူးပါတယ်၊ လက်တွေ့
ကူညီပေးနေချိန်မှာသားတို့သမီးတို့ ကြည့်တတ်၊မြင်တတ်၊သိတတ်
ရအောင်ထပ်ပြောပေးမယ်နော်သူတစ်ပါးရဲ့ကောင်းကျိုးကိုလိုလားတာမေတ္တာပါ
ဘာမျှော်လင့်ချက်မှမပါသလိုဘာမျှော်လင့်ချက်မှလည်းမထားပါဘူး--၊
အခုအဖွားအပေါ်မှာလည်းတို့တွေမျော်လင့်ချက်မပါဘဲ အဖွားရဲ့ကောင်းကျိုး
တစ်ခုကိုသာကြည့်ပြီးသွားကူညီကြမယ်ဆိုတော့အဲဒါမေတ္တာတရားအပြည့်နဲ့
သွားကူညီပေးနေတယ်ဆိုတဲ့အသိစိတ်ကလေးထည့်ထားပြီးကူညီပေးကြမယ်နော်--၊

သူတစ်ပါးဆင်းရဲဒုက္ခရောက်နေတာကိုမကြည့်ရက်တာကကရုဏာပါယခုဒီအဖွား
တစ်ယောက်တည်းတဲငယ်လေးထဲမှာကိုယ်တုံးလုံးနဲ့ခြင်ကိုက်ဖြုတ်ကိုက်ခံနေရတာ

ဘယ်လောက်သနားဖို့ကောင်းလဲအဲဒါကြောင့်သားတို့သမီးတို့အဖွားကိုကောင်း
ကောင်းမွန်မွန်နဲ့သက်သက်သာသာနေစေချင်တဲ့စိတ်ထားနဲ့သွားကူညီပေးကြမှာ
ဆိုတော့အဲဒီကရုဏာတရားအပြည့်ထားပြီးကူညီပေးနေတယ်ဆိုတဲ့စိတ်ထား
ကလေးကိုလည်းမမေ့ကြပါနဲ့--၊

ပြီးတော့သားတို့သမီးတို့ကူညီပေးလိုက်လို့အဖွားကျန်းမာပြီးချမ်းသာသွားခဲ့လို့
နောင်တစ်ချိန်သားတို့သမီးတို့ကိုလမ်းမှာ တွေ့လို့အဖွားကမခေါ်မပြောနေရင်
လည်းအဖွားအပေါ်မှာစိတ်ထားမပြောင်းရဘူးနော်ငါတို့ကူညီပေးလိုက်တဲ့အဖွား
ခုကျန်းကျန်းမာမာချမ်းချမ်းသာသာဖြစ်နေပြီပဲဆိုပြီးဝမ်းသာကြည်နူးစိတ်နဲ့မုဒိတာ
ပွားပေးနိုင်ရမယ်ဘလေးတို့ကကျေးဇူးအတင်ခံခြင်လို့အသိအမှတ်ပြုခံခြင်လို့
ကူညီပေးနေတာမဟုတ်ဘူးဆိုတာကိုလည်းမမေ့ကြပါနဲ့နော်---၊

ခုဘလေးနောက်ဆုံးတစ်ခု အရေးတကြီးထပ်ပြောချင်တာ၊မှာချင်တာကဥပေက္ခာ
တရားပါ၊အဖွားရဲ့ကောင်းကျိုးချမ်းသာမှုကိုပဲကြည့်ပြီးကူညီပေးကြပါ၊အဖွားအို
တစ်ယောက်ဒုက္ခရောက်နေတာငါတို့ဒီအတိုင်းမကြည့်ရက်လို့လာပြီးကူညီပေး
တာ၊အဖွားဆီကငါတို့ဘာမျှော်လင့်ချက်မှမထားဘူးငါတို့ထင်ပေါ်ကျော်ကြားချင်
လို့လုပ်နေတာလည်းမဟုတ်ဘူးဆိုတဲ့အသိလေးထားပြီးစိတ်ထားဖြူဖြူလေးနဲ့
ကူညီပေးကြရအောင်အဖွားရဲ့နောက်မှာပါတ်သက်ရာပါတ်သက်ကြောင်း
ကိစ္စတွေကိုဥပေက္ခာပြုထားပေးပါ

ပြန်သွားတဲ့အချိန်မှာလည်းအဖွားအကြောင်းနဲ့ပါတ်သက်ပြီးအကျိုးမရှိနိုင်တဲ့စကား
မျိုးတွေကိုမပြောကြပါနဲ့လို့အထူးမှာချင်ပါတယ်၊အဲဒီတော့ဘလေးခုပြောပြတာ
တွေလည်းစုံသလောက်ရှိသွားပြီဆိုတော့တို့တွေခုသွားရင်အဖွားအတွက်ဘာ
တွေပြင်ဆင်သွားရမယ်ဆိုတာသိလောက်ပြီပေါ့နော်ဘလေးလည်းအုပ်ချုပ်ရေး
ပိုင်းဆိုင်ရာလူကြီးတွေကိုအသိပေးပြီးပါပြီ၊သားတို့သမီးတို့အဆင်သင့်ဖြစ်ရင်
ဘလေးကိုပြောပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေခေါ်ပြီးတစ်ခါတည်းတူတူသွားကြမယ်----၊

မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နစ်နာစေချင်တဲ့စိတ်မရှိပါဒီဖြစ်စဉ်မျိုးတွေ
ကိုမိမိပါတ်ဝန်ကျင်မှာ မြင်တွေ့ရပါက ကျွန်တော်တိုမဇ္ဈမလူမှုကူညီရေးအသင်း
ကိုအချိန်မရွေးအကြောင်းကြားပေးပါ
အကြောင်းကြားပေးနိုင်ရန်နှင့်သင်္ခန်းစာယူနိုင်ကြကာဒါမျိုးဖြစ်စဉ်တွေမတွေ့ရမမြင်
ရအောင်ရည်ရွယ်ကာယခုတင်ပြပေးလိုက်ရတာပါ

အပိုင်း(၂)  နဲ့အပိုင်း(၃)ကို ဆက်လက်တင်ပေးပါမည်

ဦးတင့်ဆွေ
ဥက္ကဋ္ဌ
မဇ္ဈိမ လူမှုကူညီရေးအသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net