ဖရူဆိုမြို့နယ်​ ကြားဖြတ်ရွေး​ကောက်​ပွဲတွင်​ လူမျိုး​ပေါင်းစုံဒီမိုက​ရေစီပါတီကိုယ်​စားလှယ်​ ဦးသဲရယ်​ အနိုင်​ရရှိ

ဖရူဆိုမြို့နယ်​ ကြားဖြတ်ရွေး​ကောက်​ပွဲတွင်​ လူမျိုး​ပေါင်းစုံဒီမိုက​ရေစီပါတီကိုယ်​စားလှယ်​ ဦးသဲရယ်​ အနိုင်​ရရှိ
ဧပြီ 1, 2017
By Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် ဧပြီလ ၁ ရက်​နေ့ တွင်​ ကျင်းပသည့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်​ ကြားဖြတ်ရွေး​ကောက်​ပွဲတွင်​ လူမျိုး​ပေါင်းစုံဒီမိုက​ရေစီပါတီ (ကယားပြည်​နယ်​) မှ ကိုယ်စားလှယ်လောင်း ဦးသဲရယ်)က အနိုင်​ရရှိသွားကြောင်​း သိရသည်​။
လစ်​လပ်​​နေ​သော ဖရူဆိုမြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​ (၁) ပြည်​နယ်​လွှတ်​​​တော်​ ​ကိုယ်​စားလှယ်​နေရာ အတွက်​ ဦးသဲရယ် (လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ - ကယားပြည်နယ်)၊ ဦးရီးချက် ( ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးဆူရယ် (အမျိုးသားတိုးတက်ရေးပါတီ )တို့ ကြားဖြတ်ရွေး​ကောက်​ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြရာ ဦးသဲရယ်​က မဲစုစု​ပေါင်​း (၃,၃၅၁) မဲဖြင်​့ အနိုင်​ရရှိခဲ့ခြင်​းဖြစ်​သည်​။
"ကျွန်တော့်အ​နေနဲ့က ပြည်​သူလူထု​တွေ စည်​းလုံးညီညွှတ်​မှု​ကြောင်​့ အနိုင်​ရရှိတာပါ။ ဒီလိုပဲ ထပ်​ပြီး စည်းလုံး ညီညွှတ်​​ပေးကြပါ။ လူထုအားလုံးကို ​ကျေးဇူးအရမ်းတင်သလို ကျွန်တော် လူထုကို​ပေးထားတဲ့ ကတိ​တွေ အတိုင်​း လုပ်​​ဆောင်​သွားမှာပါ " ဟု ကိုယ်စားလှယ်လောင်း ဦးသဲရယ်​က​ ပြောသည်​။
ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်နေရာအတွက် မဲပေးခွင့်ရှိသူ ဦးရေ (၉,၅၇၀)ဦးရှိပြီး မဲရုံ စုစုပေါင်း(၁၈)ရုံထားရှိခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~