မန္တလေးတိုင်းဒေသကြီးတိုင်းရုံးဖြစ်မြောက်ရေး ရံပုံငွေပွဲ IC အဖွဲ့ဖျော်ဖြေမည်

မန္တလေးတိုင်းဒေသကြီးတိုင်းရုံးဖြစ်မြောက်ရေး ရံပုံငွေပွဲ IC အဖွဲ့ဖျော်ဖြေမည်
ဇန်နဝါရီ 26, 2017
By Tachileik News Agency

IC အဖွဲ့ဖျော်ဖြေမည့် မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  တိုင်းရုံးဖြစ်မြောက်ရေး ရံပုံငွေဖျော်ဖြေပွဲအား ဖေဖေါ်ဝါရီ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
"သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်ရုံးများဖွင့်လှစ်ရန် လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ ရရှိသော လစာများမှ မျှဝေပေးတာ သိန်း ၇၀၀ ခန့်ရပါတယ်။ အခွန်ဆောင်ပြီး ကျန်ရှိငွေ သိန်း ၆၀၀ လောက် ကျန်ပါတယ်။ မန္တလေးဟာ မြေဈေးကအရမ်းကြီးပါတယ်။ သိန်း ၆၀၀ လောက်နဲ့ ၀ယ်လို့မရနိုင်ဘူး။ ဒါကြောင့် ဒီလိုရံပုံငွေပွဲလေးကို လုပ်ရတာ ဖြစ်ပါတယ်" ဟု NLD မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောသည်။

 အဆိုပါရန်ပုံငွေရှိုးပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၆နာရီခွဲတွင် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ထိုင်ခုံဖြင့် သုံးသောင်းကျပ်၊ နှစ်သောင်းကျပ်၊ ထိုင်ခုံမဲ့ ရှစ်ထောင်ကျပ်ဖြစ်ကြောင်း သိရသည်။
"Iron Cross အဖွဲ့ဆိုတာ မန္တလေးက ပရိတ်သတ်အသည်းစွဲဖြစ်ပါတယ်။ ပွဲလုပ်မယ်ဆိုတော့IC အဖွဲ့က အလကား အကူအညီပေး ပါတယ်။ နောက်ပြီး လက်မှတ်ရိုက်တဲ့သူ၊ မီးစက်စီစဉ်တဲ့သူ၊ LED ၊ဟိုတယ် နဲ့ ပွဲနဲ့ဆက်စပ် အကူအညီတော်တော်များများ အကူအညီအားလုံးကို တိုင်းရုံးဖြစ် မြောက်ရေးအတွက် ရံပုံငွေထည့်တဲ့သ ဘောအကူညီ ပေးကြပါတယ်" ဟုပွဲစီစဉ်သူ ကိုတင်မောင်ဦး ကပြောသည်။
ပွဲလက်မှတ်များကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှစတင်ပြီး မန္တလေးမြို့ မန်းသီရိတေးသံသွင်း၊ လှိုင်းတေး သံသွင်း၊Anycall Mobile၊Power Mobile ၊TNO Mobile ရောင်းချနေကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~