RiA
ကျောက်ဖြူ၊ ဧပြီလ ( ၉) ရက်
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်များကို လွှတ်ပေးရန် ဧပြီလ ( ၉) ရက်နေ့တွင် ကျောက်ဖြူမြို့ ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆိုကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် သက်ဆိုင်ရာအား ခွင့်ပြုချက်တင်စဉ်က လူဦးရေ (၅၀၀) တင်ပြထားသော်လည်း ဧပြီလ (၉) ရက် နေ့လယ် ၁ နာရီခွဲ၌ စတင်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံ ၄၀၀ ခန့်ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
“ ကျွန်တော်တို့ ဆန္ဒပြရခြင်းဟာ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရပ်တန့်စေဖို့နဲ့ ဖမ်းဆီးခံ ရက္ခိုင့်တပ်မတော်သားတွေကို လွတ်မြောက်စေဖို့၊ လက်ရှိ အမှုရင်ဆိုင်နေရတဲ့ ရက္ခိုင့် တပ်မတော်နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးထားတဲ့ သူတွေကို မှန်ကန်စွာ စစ်ဆေးပေးဖို့အတွက်ပါ။" ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ဦးထွန်းကြည်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း၂၀၁၅ ခုနှစ် ဧပြီ လ နှင့် ဒီဇင်ဘာ လများတွင် AA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် AA တပ်ဖွဲ့ဝင် (၃၀) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး AA နှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသူများကို ၂၀၁၆ ဇန်န၀ါရီ လအတွင်း ဖမ်းဆီးခဲ့ရာ ကျောက်တော်မြို့နယ်မှ (၃၆ )ဦး၊ စစ်တွေမြို့နယ်မှ (၁၃) ဦး၊ ကျောက်ဖြူမြို့နယ်မှ ( ၃) ဦး၊ တောင်ကုတ်မြို့နယ်မှ ( ၃) ဦး၊ ပေါက်တောမြို့နယ်မှ ( ၁) ဦး၊ သံတွဲမြို့နယ်မှ (၁) ဦးနှင့် ရန်ကုန်မြို့နယ်မှ ( ၃) ဦး စုစုပေါင်း (၆၀) ဦးဖမ်းဆီးခံခဲ့ရပြီး ကျောက်တော်မြို့နယ်မှ (၃၆) ဦးမှာ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ မတ်လ နောက်ဆုံးပတ်နှင့် ဧပြီလ ပထမပတ်တို့တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တရားရုံးများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖမ်းဆီးခံရသည့် AA အဖွဲ့ဝင်များအပါအဝင်AA နှင့် ဆက်စပ်သည်ဟု စွဲချက်တင်ခံရသူများ လွှတ်ပေးရန် တောင်းဆို
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024