မိုင်းယောင်းမြို့တွင် တရုတ်နိုင်ငံသားနှစ်ဦးတွေ့ရှိ၍ စစ်ဆေးနေ

မိုင်းယောင်းမြို့တွင် တရုတ်နိုင်ငံသားနှစ်ဦးတွေ့ရှိ၍ စစ်ဆေးနေ
မတ် 2, 2017
By Tachileik News Agency
မိုင်းယောင်းမြို့တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု တားဆီးရေးအတွက် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများ လုပ်နေစဉ် မတ်လ (၂) ရက်နေ့ နေ့လယ် (၂)နာရီခန့်က မိုင်းယောင်း - မိုင်းဖြတ်လမ်းဘေးတွင် တရုတ်နိုင်ငံသား အမျိုးသား (၂)ဦးအား ဆိုင်ကယ် နှစ်စီးဖြင့် တွေ့ရသဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် မိုင်းယောင်းမြို့သို့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက် လာလေ့ရှိသဖြင့် ယင်းကဲ့သို့ စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ အမှတ်(၂) ရပ်ကွက် မိုင်းယောင်း - မိုင်းဖြတ် လမ်းမကြီးဘေးတွင် တရုတ်နိုင်ငံသား အမျိုးသား(၂)ဦးအား ဆိုင်ကယ်နှစ်စီးဖြင့် တွေ့ရသဖြင့် တရားဝင် လာရောက်ခြင်း ဟုတ် မဟုတ် စစ်ဆေးနေကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု တားဆီးရေးအတွက် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများ လုပ်နေစဉ် မတ်လ (၂) ရက်နေ့ နေ့လယ် (၂)နာရီခန့်က မိုင်းယောင်း - မိုင်းဖြတ်လမ်းဘေးတွင် တရုတ်နိုင်ငံသား အမျိုးသား (၂)ဦးအား ဆိုင်ကယ် နှစ်စီးဖြင့် တွေ့ရသဖြင့် စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် မိုင်းယောင်းမြို့သို့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက် လာလေ့ရှိသဖြင့် ယင်းကဲ့သို့ စစ်ဆေးမှုများ လုပ်ဆောင်နခြေင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~