မဲခေါင်မြစ်တွင် တရုတ်သင်္ဘောသား(၁၃)ယောက်အား သတ်ဖြတ်ခဲ့သည့် ကိစ္စနဲ့ပတ်သက်ပြီး စိုင်းနော်ခမ်းတို့ အဖွဲ့ကို ယနေ့(နိုဝင်ဘာ(၆)ရက်နေ့) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တရားရုံးက စီရင်ချက်ချခဲ့ကြောင်း ပြည်နယ်သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံ ကူမင်းတရားရုံးမှ စီရင်ချက်ချရာမှာ စိုင်းနော်ခမ်းအပါအ၀င် ၎င်းရဲ့နောက်လိုက်(၃)ဦးကို သေဒဏ်အဖြစ်ချမှတ်လိုက်ပြီး ကျန်(၂)ဦးကိုတော့ ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။
ကျူးလွန်သူလို့သတ်မှတ်ထားသော (၆)ဦးအား ကြိုတင်ကြံရွယ်ချက်ဖြင့်သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါး နယ်စပ်ဖြတ်ကျော်သယ်ဆောင်မှု၊ ပြန်ပေးမှု နှင့် သင်္ဘောများအား စီးနင်းဝင်ရောက်တိုက်ခိုက်မှု များနှင့် တရားဆွဲဆိုထားပြီး (၆)ဦးလုံးမှအယူခံဝင်ကြောင်း ဆင်ဟွာသတင်းဌာနမှာဖော်ပြခဲ့ပါတယ်။
ထိုအမှုတွင် ထိုင်းစစ်သား(၉)ဦးကိုလည်း ကျန်ရှိနေသော သံသယရှိသူများအဖြစ် သတ်မှတ်ထားကြပြီး ထိုသတ်ဖြတ်မှုသည် တရုတ်တို့အား ခံပြင်းဒေါသထွက်စေခဲ့ပြီး မဲခေါင်သို့ အမြှောက်တင် သင်္ဘောငယ်များပို့ဆောင်ရန် ဘေဂျင်း၌လှုံ့ဆော်ခဲ့ကြတယ်လို့ BBC News မှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာတွင် တင်ပြခဲ့ပြီးဖြစ်သော စိုင်းနော်ခမ်း သတင်းများကို ပြန်ဖတ်လိုလျှင်
- 10.5.2012တွင် စိုင်းနော်ခမ်းအား လောနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ် (ရုပ်သံ)
- စိုင်းနော်ခမ်းအား တရုတ်နိုင်ငံ တရားရုံးမှ သေဒဏ်ချမှတ် ( ဗွီဒီယိုသတင်းမှတ်တမ်းစုစည်းမှု ) -
- စိုင်းနော်ခမ်းနှင့် အပေါင်းအပါ(၅)ဦးအား တရုတ်နိုင်ငံတွင် ရုံးတင်စစ်ဆေးခဲ့
- တရုတ်အစိုးရမှ စိုင်းနော်ခမ်းအမှုကို စစ်ဆေးရာတွင် ၉၀ရာခိုင်နှုန်းပြည့် စစ်ဆေးပြီးကြောင်း ထိုင်းအစိုးရပြော
- တရုတ်အစိုးရမှ ထိုင်းအစိုးရအား စိုင်းနော်ခမ်းကို လာရောက် စစ်ဆေးရန်အတွက် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်
- မဲခေါင်မြစ်ကြောင်းတစ်လျှောက် လေးနိုင်ငံပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းသစ်များကို ဖော်ဆောင်
- မြန်မာအစိုးရဘက် စစ်ဘက်တာဝန်ရှိသူများမှ တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော စိုင်းနော်ခမ်းအား သွားရောက်စစ်ဆေး