ပန်ပဲရွာအနီးတွင် သုံးဘီးဆိုင်ကယ်မောင်းသူထံမှ စိတ်ကြွဆေး ကျပ် (၂၁)သိန်းကျော်ဖိုး ဖမ်းဆီးရမိ

ပန်ပဲရွာအနီးတွင် သုံးဘီးဆိုင်ကယ်မောင်းသူထံမှ စိတ်ကြွဆေး ကျပ် (၂၁)သိန်းကျော်ဖိုး ဖမ်းဆီးရမိ
မတ် 9, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းး ကျိုင်းလပ်မြို့  မိုင်းပါလျှိုးနယ်မြေရဲတပ်ဖွဲ့က မတ်လ (၉) ရက် နံနက် (၁၀)နာရီအချိန်တွင် နယ်မြေလှည့်ကင်းဆောင်ရွက်စဉ်  သုံးဘီးဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၈၅၈)ပြားအား ဖမ်းဆီးရမိကြောင်း သိရသည်။
မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူးအပါအဝင် ရပ်/ကျေးအဖွဲ့ဝင်များပါဝင်သည့်အဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် နမ့်ခင်းအုပ်စု၊ ပန်ပဲ(ထက်)ကျေးရွာအနီးတွင် ကျိုင်းလပ်မှ တာလေဘက်သို့ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာမှ ယာဉ်မောင်း အိုက်ဒေါ့ရှဲထံမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၈၅၈)ပြား၊ လေးချိန်(၈၅.၈)ဂရမ်ခန့် ကာလတန်ဖိုး ကျပ် (၂၁၄၅၀၀၀) ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် အိုက်ဒေါ့ရှဲအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ) ၂/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)/၂၀ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
Chat conversation end

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~