မြန်မာ - ထိုင်း

မြန်မာ - ထိုင်း
မတျ 24, 2017
By Tachileik News Agency
မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ် - မယ်ဆိုင်တစ်လျှောက်တွင် နှစ်နိုင်ငံ တောမီးရှို့မှုများနှင့် မီးခိုးလေထု ညစ်ညမ်းမှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ နှင့် သက်ဆိုင်ရာ ဌာနများက နှစ်နိုင်ငံ မီးခိုးညစ်ညမ်းမှုကာကွယ်ရေး စီမံကိန်းအနေဖြင့် ဖွင့်ပွဲကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မတ်လ(၂၄)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။


မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ် - မယ်ဆိုင်အကြားတွင် တောင်ယာတောမီးများ ရှို့မှုကြောင့် နှစ်စဉ် မတ်လမှစ၍ မြို့တွင်းအထိ တောမီးခိုး ဖုံးလွှမ်းမှုများ ဖြစ်ပေါ်စေပြီး၊ နှစ်နိုင်ငံ ပြည်သူများ အနေဖြင့်လည်း နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပေါ်စေတတ်ပြီး ကလေးငယ်များအတွက် အသက်ရှူကျပ်မှုများအထိ ဖြစ်ပေါ်စေကြောင်း သိရသည်။
နှစ်နိုင်ငံအကြား မီးခိုးကြောင့် လေထု ညစ်ညမ်းမှုကို ကာကွယ်နိုင်ရန် အတွက် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC) အစည်းအဝေး များတွင်လည်း ယင်းကိစ္စကို ထည့်သွင်း ဆွေးနွေးလျက် ရှိကြောင်းလည်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ် - မယ်ဆိုင်တစ်လျှောက်တွင် နှစ်နိုင်ငံ တောမီးရှို့မှုများနှင့် မီးခိုးလေထု ညစ်ညမ်းမှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ နှင့် သက်ဆိုင်ရာ ဌာနများက နှစ်နိုင်ငံ မီးခိုးညစ်ညမ်းမှုကာကွယ်ရေး စီမံကိန်းအနဖြေင့် ဖွင့်ပွဲကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မတ်လ(၂၄)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီမှ တာဝန်ရှိသူများနှင့် မြန်မာဘက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ယင်းစီမံကိန်းသည် နှစ်နိုင်ငံရှိ ပြည်သူများအကြား တောမီးရှို့ခြင်းကို လျော့နည်းစေရန် နှင့် မီးခိုးညစ်ညမ်းမှု ပြဿနာများလည်း ဖြေရှင်းကာကွယ်နိုင်ရန်အပြင် တောမီးရှိုခြင်းကြောင့် ပြည်သူများ ကျန်းမာရေးကို ထိခိုက်စေသည့် အတွက် တောမီးရှိုခြင်းနှင့် မီးခိုးကြောင့် လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ရန် အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

"မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည့်ရင်းနှီးစွာ နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ သစ်ပင်သစ်တောတွေ မပြုန်းတီးအောင်လို့ ပြုလုပ်ရင်းနဲ့ တောမီးကြောင့် မီးခိုးတွေ ကင်းစင်အောင်လို့ လက်တွဲ ဆောင်ရွက်ဖို့ ပြုလုပ်တဲ့ အခမ်းအနားလို့ ပြောလို့ရပါတယ်။ မြို့နယ်မီးသတ်ဦးစီးမှူးက အခြားတာဝန်နဲ့မို့ ကိုယ်စား တက်ရောက်ခဲ့ပါတယ်"ဟု တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းက ပြောသည်။

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ် - မယ်ဆိုင်အကြားတွင် တောင်ယာတောမီးများ ရှို့မှုကြောင့် နှစ်စဉ် မတ်လမှစ၍ မြို့တွင်းအထိ တောမီးခိုး ဖုံးလွှမ်းမှုများ ဖြစ်ပေါ်စပြေီး၊ နှစ်နိုင်ငံ ပြည်သူများ အနဖြေင့်လည်း နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပေါ်စေတတ်ပြီး ကလေးငယ်များအတွက် အသက်ရှူကျပ်မှုများအထိ ဖြစ်ပေါ်စေကြောင်း သိရသည်။

နှစ်နိုင်ငံအကြား မီးခိုးကြောင့် လေထု ညစ်ညမ်းမှုကို ကာကွယ်နိုင်ရန် အတွက် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC) အစည်းအေဝး များတွင်လည်း ယင်းကိစ္စကို ထည့်သွင်း ဆွေးနွေးလျက် ရှိကြောင်းလည်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~