တိုက္ပြဲျဖစ္ေဒသမ်ားမွ ေက်ာက္မဲၿမိဳ႕သို႔ ေရႊ႕ေျပာင္းသူမ်ားလာ၍ ေျမေစ်းတက္လာ

တိုက္ပြဲျဖစ္ေဒသမ်ားမွ ေက်ာက္မဲၿမိဳ႕သို႔ ေရႊ႕ေျပာင္းသူမ်ားလာ၍ ေျမေစ်းတက္လာ
ဖေဖော်ဝါရီ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အနီးဝန္းက်င္ေဒသမ်ားမွ မၾကာခဏျဖစ္ပြားသည့္ တုိက္ပြဲမ်ားေၾကာင့္ ေက်ာက္မဲၿမိဳ႕သို႔  ေရႊ႕ေျပာင္းေနထုိင္သူမ်ား ရိွလာသျဖင့္ အိမ္ၿခံေျမေစ်းမ်ား ျမင့္တက္လာေၾကာင္း သိရသည္။

“အေလွ်ာ့အတင္း နည္းနည္းရွိတာကလြဲရင္ ေျမကြက္ေစ်းက ႏွစ္ဆေလာက္ျမင့္တက္လာတယ္။ ဒါေပမဲ့လည္း စစ္ျဖစ္တဲ့ေနရာမွာ ေနရတာထက္ ဒီမွာေနရတာက ပိုၿပီးေအးခ်မ္းတယ္။ ဒါေၾကာင့္ ရွိတာေလးေတြစုၿပီး လာဝယ္ေနလိုက္တာ”ဟု မန္လြယ္ေက်းရြာမွလာေရာက္ ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးက ဆိုသည္။

ေက်ာက္မဲၿမိဳ႕သို႔ ၂၀၁၂ ခုႏွစ္ဝန္းက်င္ကတည္းက ေရႊ႕ေျပာင္းေနထုိင္လာသူမ်ား ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

“၂၀၁၂ ခုႏွစ္တုန္းက ကၽြန္မတို႔ဒီနားမွာဝယ္ၿပီး လာေနေတာ့ (၄၅) သိန္းပဲေပးရတယ္။ အဲဒီတုန္းက ဒီမွာလာေနတဲ့သူ ဆယ္ေယာက္ေလာက္ပဲရွိတာ။ အိမ္ကေတာ့ျဖစ္သလိုပဲ။ တဲအိမ္ႀကီးႀကီး အရင္ေဆာက္ၿပီး ေနၾကတာ။ ေနာက္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ ကၽြန္မတို႔နယ္ဘက္က လူေတြလည္း လာဝယ္ၿပီးေနလာ ၾကတယ္” ဟု သီေပါၿမိဳ႕နယ္ အံုမုေက်းရြာအနီး ပန္ခါးေက်းရြာမွလာေရာက္ေနထိုင္သူ မနန္းေငြက ေျပာသည္။

ေဒသအတြင္းမၾကာခဏ တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ အံုမုေက်းရြာအနီးရွိ မန္လြယ္၊ ပန္ခါး စသည့္ေက်းရြာ မ်ားမွေဒသခံအခ်ိဳ႕မွာ စစ္ေဘးတိမ္းေရွာင္သည့္အေနျဖင့္ ေက်ာက္မဲၿမိဳ႕အစြန္အဖ်ားေဒသမ်ားတြင္ ေျမကြက္မ်ားဝယ္ယူ၍ ေရႊ႕ေျပာင္းေနထိုင္လာၾကသည့္အတြက္ ေျမကြက္ေစ်းႏႈန္းမ်ားလည္း ျမင့္တက္လာေန ေၾကာင္း သိရသည္။

၂၀၁၂ ခုႏွစ္ဝန္းက်င္က က်ပ္(၄၅)သိန္းခန္႔ေပးရသည့္ ေျမကြက္မ်ားမွာ ၂၀၁၇ ခုႏွစ္တြင္ က်ပ္သိန္း (၁၀၀)ဝန္းက်င္ ရိွေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၂)ရပ္ကြက္ နမ့္စစ္လင္းေက်ာင္းတိုက္အနီး( ေက်ာက္ေတာင္ရပ္အနီး )ရွိ တိုးခ်ဲ႕ ရပ္ကြက္မ်ားတြင္ ေပ (၅၀x၇၀) ၿခံကြက္တစ္ကြက္လွ်င္ ေနရာအေနအထား ေျမမ်က္ႏွာျပင္ အေနအထားေပၚ မူတည္၍ က်ပ္သိန္း (၁၀၀) မွ (၁၂၀)ၾကား အေရာင္းအဝယ္ျဖစ္ေနေၾကာင္း သိရသည္။

“အရင္တုန္းကေတာ့ ေတာခ်ည္းပဲ။ ေတာင္ဘက္အျခမ္းက (၂) ရပ္ကြက္ထဲပါတယ္။ ေျမာက္ဘက္အျခမ္းက နမ့္ဟူးေတာင္းေက်းရြာဘက္ အပိုင္းမွာ ပါတယ္။ အခုတေလာေတာ့ အဲဒီဘက္ပိုင္းေတြမွာ အေရာင္းအဝယ္ ျဖစ္တယ္”ဟု  အိမ္၊ၿခံ၊ေျမ အေရာင္းအဝယ္လုပ္ကိုင္ေနသူ ကိုေမာင္သန္းက ေျပာသည္။

လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ၿပီး ေသာက္သံုးေရ ႏွင့္ လ်ွပ္စစ္ဓါတ္အားလည္းရယူရန္ လြယ္ကူသည့္ ၿမိဳ႕၏ေတာင္ဘက္အပိုင္း ( မႏၱေလး-လားရိႈး ျပည္ေထာင္စုလမ္းမႀကီးႏွင့္နီးကပ္သည့္ ) အိမ္၊ ၿခံ၊ ေျမ အေရာင္းအဝယ္ ပိုျဖစ္ၿပီး ၂၀၁၂ ခုႏွစ္က ေစ်းႏႈန္းထက္ တစ္ဆခန္႔ျမင့္တက္လာေၾကာင္း သိရသည္။

ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အနီးဝန်းကျင်ဒေသများမှ မကြာခဏဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ ရွှေ့ပြောင်းနေထိုင်သူများ ရှိလာသဖြင့် အိမ်ခြံမြေဈေးများ မြင့်တက်လာကြောင်း သိရသည်။

“အလျှော့အတင်း နည်းနည်းရှိတာကလွဲရင် မြေကွက်ဈေးက နှစ်ဆလောက်မြင့်တက်လာတယ်။ ဒါပေမဲ့လည်း စစ်ဖြစ်တဲ့နေရာမှာ နေရတာထက် ဒီမှာနေရတာက ပိုပြီးအေးချမ်းတယ်။ ဒါကြောင့် ရှိတာလေးတွေစုပြီး လာဝယ်နေလိုက်တာ”ဟု မန်လွယ်ကျေးရွာမှလာရောက် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ကျောက်မဲမြို့သို့ ၂၀၁၂ ခုနှစ်ဝန်းကျင်ကတည်းက ရွှေ့ပြောင်းနေထိုင်လာသူများ ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၂ ခုနှစ်တုန်းက ကျွန်မတို့ဒီနားမှာဝယ်ပြီး လာနေတော့ (၄၅) သိန်းပဲပေးရတယ်။ အဲဒီတုန်းက ဒီမှာလာနေတဲ့သူ ဆယ်ယောက်လောက်ပဲရှိတာ။ အိမ်ကတော့ဖြစ်သလိုပဲ။ တဲအိမ်ကြီးကြီး အရင်ဆောက်ပြီး နကြေတာ။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကျွန်မတို့နယ်ဘက်က လူတွေလည်း လာဝယ်ပြီးနေလာ ကြတယ်” ဟု သီပေါမြို့နယ် အုံမုကျေးရွာအနီး ပန်ခါးကျေးရွာမှလာရောက်နေထိုင်သူ မနန်းငွေက ပြောသည်။

ဒေသအတွင်းမကြာခဏ တိုက်ပွဲများဖြစ်ပွားမှုကြောင့် အုံမုကျေးရွာအနီးရှိ မန်လွယ်၊ ပန်ခါး စသည့်ကျေးရွာ များမှဒေသခံအချို့မှာ စစ်ဘေးတိမ်းရှောင်သည့်အနဖြေင့် ကျောက်မဲမြို့အစွန်အဖျားဒေသများတွင် မြေကွက်များဝယ်ယူ၍ ရွှေ့ပြောင်းနေထိုင်လာကြသည့်အတွက် မြေကွက်ဈေးနှုန်းများလည်း မြင့်တက်လာနေ ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ဝန်းကျင်က ကျပ်(၄၅)သိန်းခန့်ပေးရသည့် မြေကွက်များမှာ ၂၀၁၇ ခုနှစ်တွင် ကျပ်သိန်း (၁၀၀)ဝန်းကျင် ရှိနေကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက် နမ့်စစ်လင်းကျောင်းတိုက်အနီး( ကျောက်တောင်ရပ်အနီး )ရှိ တိုးချဲ့ ရပ်ကွက်များတွင် ပေ (၅၀x၇၀) ခြံကွက်တစ်ကွက်လျှင် နေရာအနေအထား မြေမျက်နှာပြင် အနေအထားပေါ် မူတည်၍ ကျပ်သိန်း (၁၀၀) မှ (၁၂၀)ကြား အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“အရင်တုန်းကတော့ တောချည်းပဲ။ တောင်ဘက်အခြမ်းက (၂) ရပ်ကွက်ထဲပါတယ်။ မြောက်ဘက်အခြမ်းက နမ့်ဟူးတောင်းကျေးရွာဘက် အပိုင်းမှာ ပါတယ်။ အခုတလောတော့ အဲဒီဘက်ပိုင်းတွေမှာ အရောင်းအဝယ် ဖြစ်တယ်”ဟု အိမ်၊ခြံ၊မြေ အရောင်းအဝယ်လုပ်ကိုင်နေသူ ကိုမောင်သန်းက ပြောသည်။

လမ်းပန်းဆက်သွယ်မှုကောင်းမွန်ပြီး သောက်သုံးရေ နှင့် လျှပ်စစ်ဓာတ်အားလည်းရယူရန် လွယ်ကူသည့် မြို့၏တောင်ဘက်အပိုင်း ( မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးနှင့်နီးကပ်သည့် ) အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပိုဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဈေးနှုန်းထက် တစ်ဆခန့်မြင့်တက်လာကြောင်း သိရသည်။

နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~