ထိုင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအားကူညီေရးအတြက္ လူမႈဆက္ဆံေရး လူမႈကူညီေရး အသင္းရံုးခန္းကို မယ္ဆုိင္ၿမိဳ႕ ဝင္းဖန္းခမ္းရပ္ကြက္၌ မတ္လ (၁၂)ရက္ေန႔က ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။
အဆိုပါ ရံုးခန္းသစ္ဖြင့္ပြဲ အခမ္းအနားသို႔ မယ္ဆိုင္ၿမိဳ႕ ႏွီးဘုရားဆရာေတာ္အမွဴးျပဳေသာ သံဃာေတာ္မ်ား၊ ထိုင္းႏိုင္ငံ ခ်င္း႐ိုင္းခ႐ိုင္ႏွင့္ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေ႐ွာက္ေရးႏွင့္ ေစ့စပ္ညႇိႏိႈင္းေရး ေကာ္မတီ(CNCMC)၊ တာခ်ီလိတ္ၿမိဳ႕မွ အလင္းေရာင္ပရဟိတအသင္း၊ မဇၩိမ လူမႈကူညီေရးအသင္း၊ ေမတၱာ႐ွင္လူမႈကူညီေရးအသင္း၊ ကလ်ာဏမိတၱ ႐ွင္မႈကူညီေရးအသင္း စသည့္ လူမႈကူညီေရးအသင္း အဖြဲ႔မ်ား၊ မယ္ဆိုင္ၿမိဳ႕မွ ေဖာ္ဝိဟန္ကူညီ ကယ္ဆယ္ေရးအဖြဲ႔၊ ဓမၼစကူးလ္ ေက်ာင္းေတာ္-မယ္ဆိုင္မွ ေက်ာင္းသား/ေက်ာင္းသူ ဆရာ/ဆရာမမ်ား ၊ ဓမၼအလင္းတန္းအသင္း-ပါဟတ္ႏွင့္ ေစတနာ႐ွင္ အလွဴ႐ွင္မ်ား၊ အသင္းသား/အသင္းသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
အသင္းဝင္ (၅၀)ေက်ာ္ရိွသည့္ အဆိုပါ လူမႈကူညီေရးအသင္းက မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏုိင္ငံသား လူမ်ိဳးဘာသာမေရြးအား ကူညီေပးသြားမည္ျဖစ္ၿပီး အသင္းအား ဆက္သြယ္လိုပါက ၀၉ ၄၇၁၃၁၃၆၃၊ ၀၉ ၂၁၈၇၇၃၂၄ တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။
ဓာတ္ပံု - ဦးထြန္း(မယ္ဆိုင္)
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီရေးအတွက် လူမှုဆက်ဆံရေး လူမှုကူညီရေး အသင်းရုံးခန်းကို မယ်ဆိုင်မြို့ ဝင်းဖန်းခမ်းရပ်ကွက်၌ မတ်လ (၁၂)ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါ ရုံးခန်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ မယ်ဆိုင်မြို့ နှီးဘုရားဆရာတော်အမှူးပြုသော သံဃာတော်များ၊ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်နှင့် မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ(CNCMC)၊ တာချီလိတ်မြို့မှ အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမ လူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ ကလျာဏမိတ္တ ရှင်မှုကူညီရေးအသင်း စသည့် လူမှုကူညီရေးအသင်း အဖွဲ့များ၊ မယ်ဆိုင်မြို့မှ ဖော်ဝိဟန်ကူညီ ကယ်ဆယ်ရေးအဖွဲ့၊ ဓမ္မစကူးလ် ကျောင်းတော်-မယ်ဆိုင်မှ ကျောင်းသား/ကျောင်းသူ ဆရာ/ဆရာမများ၊ ဓမ္မအလင်းတန်းအသင်း-ပါဟတ်နှင့် စေတနာရှင် အလှူရှင်များ၊ အသင်းသား/အသင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အသင်းဝင် (၅၀)ကျော်ရှိသည့် အဆိုပါ လူမှုကူညီရေးအသင်းက မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား လူမျိုးဘာသာမရွေးအား ကူညီပေးသွားမည်ဖြစ်ပြီး အသင်းအား ဆက်သွယ်လိုပါက ဝ၉ ၄၇၁၃၁၃၆၃၊ ဝ၉ ၂၁၈၇၇၃၂၄ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)