နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင်းသို့ ပြည်မမှ ဆန်များသယ်ယူပို့ဆောင်မှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ပါရှိမှသာ တင်သွင်းခွင့်ပြုတော့မှာဖြစ်ကြောင်းကို သြဂုတ်လ(၂၅)ရက်နေ့က တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးတွင် နယ်စပ်ကုန်သွယ်ရေး နှင့် ကုန်သည်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သိရသည်။
နယ်စပ်ဒေသဖြစ်သည့်အတွက် ဆန်များကို ပြည်မမှ တင်သွင်းမည်ဆိုပါက ပြည်နယ်အစိုးရ၏ ထောက်ခံချက်ပါရှိမှသာ ရရှိမှာဖြစ်သည့် ညွှန်ကြားစာကို သြဂုတ်လ(၂၄)ရက် ညပိုင်းက သက်ဆိုင်ရာ ဌာနမှ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပို့လိုက်တာဖြစ်ပြီး အဆိုပါ ညွှန်ကြား
ဝန်ကြီးဌာနမှ ၂၄.၈.၂၀၁၅ ရက်စွဲဖြင့် အမြဲတမ်းအတွင်းဝန်ကိုယ်စား လက်ထောက်အတွင်းဝန် ဦးအောင်ဝင်းမှ ည(၉)နာရီအချိန်တွင် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပေးပို့လာကြောင်း၊ နောင်တွင် တာချီလိတ်မြို့တွင်းသို့ ပြည်မမှ ဆန်သယ်ဆောင်ခွင့်နှင့် ပတ်သက်၍ တာချီလိတ်ဒေသလိုအပ်ချက်အပေါ် သက်ဆိုင်ရာ ဌာနများ၏ တွက်ချက်မှုဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ခံချက်ဖြင့်သာ သယ်ယူခွင့်ပြုသွားရန်