ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ ဆန်ဆိုင်း အခြေခံပညာ အထက်တန်းကျောင်း၌ ၂ဝ၁၅ခုနှစ် ဇွန်လ(၂၆)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၁၈) ကြိမ်မြောက် အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ခရိုင်အဆင့်ပြိုင်ပွဲများအား မေလ (၂၆)ရက် ၊ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မူးယစ်ဆေး ၀ါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး သန်းရွှေ၊ ခရိုင်မူးယစ်ဆေး ၀ါးဆန့်ကျင်ရေးအသင်း(MANA)မှ ဥက္ကဋ္ဌ ဦးသိန်းဝင်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များ၊ ဆုရွေးချယ်ရေးဆပ်ကော်မတီဝင်များ က တက်ရောက်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပြိုင်ပွဲများ တွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူ(၈၅)ဦး ပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။