(၄.၂.၂၀၁၇)ရက်နေ့မှ (၁၄.၃.၂၀၁၇)ရက်နေ့အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး(ဓမ္မသီရိဆေးရုံ)တွင် မြန်မာဆရာဝန်များနှင့် ပူးပေါင်း၍ နှုတ်ခမ်းကွဲ အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာ ရရှိသော လူနာများအား အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးသွားမှာ ဖြစ်ပါသည်။ တာချီလိတ်မှ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များ အဆင်ပြေစေရန်အတွက် စီစဉ်ထားရှိသည်များမှ လူနာများနှင့် လူနာရှင် မိသားစုများ ရောက်ရှိလာချိန်တွင် တည်းခိုနိုင်ရန်အတွက် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို) ၀န်ထမ်းကုန်းကျောင်းတိုက်တွင် စီစဉ်ထားရှိပါသည်။ လူနာများနှင့် လူနာရှင်များအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ ထမင်းဟင်းများအတွက် စီစဉ်ထားရှိပြီး ကားအကြိုအပို့များလည်း စီစဉ်ပေးထားပါသည်။
သို့ဖြစ်ပါ၍ မိမိတို့၏ မိသားစုအတွင်း၌သော် လည်းကောင်း၊ မိမိတို့ အနီးပတ်ဝန်းကျင်၌သော် လည်းကောင်း အထက်ဖော်ပြပါ လူနာများ ရှိပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များမှ တဆင့် ( ၄.၃.၂၀၁၇)ရက်နေ့ နောက်ဆုံးထားက စာရင်းပေးသွင်းနိုင်ပါသည်။
ဂျာမဏီနိုင်ငံမှ Dr.Nuri Alamuti ဦးဆောင်သော Plastic Surgery ဆရာဝန်အဖွဲ့၏ တာချီလိတ်တွင် အခမဲ့ ဆေးကုပေးမည့် အစီအစဉ်
(၄.၂.၂၀၁၇)ရက်နေ့မှ (၁၄.၃.၂၀၁၇)ရက်နေ့အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး(ဓမ္မသီရိဆေးရုံ)တွင် မြန်မာဆရာဝန်များနှင့် ပူးပေါင်း၍ နှုတ်ခမ်းကွဲ အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာ ရရှိသော လူနာများအား အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးသွားမှာ ဖြစ်ပါသည်။ တာချီလိတ်မှ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များ အဆင်ပြေစေရန်အတွက် စီစဉ်ထားရှိသည်များမှ လူနာများနှင့် လူနာရှင် မိသားစုများ ရောက်ရှိလာချိန်တွင် တည်းခိုနိုင်ရန်အတွက် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို) ၀န်ထမ်းကုန်းကျောင်းတိုက်တွင် စီစဉ်ထားရှိပါသည်။ လူနာများနှင့် လူနာရှင်များအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ ထမင်းဟင်းများအတွက် စီစဉ်ထားရှိပြီး ကားအကြိုအပို့များလည်း စီစဉ်ပေးထားပါသည်။
သို့ဖြစ်ပါ၍ မိမိတို့၏ မိသားစုအတွင်း၌သော် လည်းကောင်း၊ မိမိတို့ အနီးပတ်ဝန်းကျင်၌သော် လည်းကောင်း အထက်ဖော်ပြပါ လူနာများ ရှိပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များမှ တဆင့် ( ၄.၃.၂၀၁၇)ရက်နေ့ နောက်ဆုံးထားက စာရင်းပေးသွင်းနိုင်ပါသည်။
ဒေါ်သန်းသန်းဌေး ( 09445242232 ) ၊ ဒေါ်ရွှေစင်ခက် ( 0941003219 ) ၊ ဒေါ်မေဇာခြည်လင်း ( 095241807 )