မန်းရတနာပုံလေကြောင်းလိုင်းက COVID-19 ကာကွယ်ရေးအတွက် ကျပ်သိန်း (၄၀၀)တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း

မန်းရတနာပုံလေကြောင်းလိုင်းက COVID-19 ကာကွယ်ရေးအတွက် ကျပ်သိန်း (၄၀၀)တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း
ဧပြီ 13, 2020
By Tachileik News Agency

မန်းရတနာပုံလေကြောင်းလိုင်းက COVID-19 ကာကွယ်ရေးအတွက် ကျပ်သိန်း (၄၀၀)တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း

မန်းရတနာပုံလေကြောင်းလိုင်းက ရန်ကုန်ဆေးတက္ကသိုလ်(၁) COVID 19 လုပ်ငန်းစဉ်အတွက် ကျပ်သိန်း (၄၀၀)တန်ဖိုးရှိ COVID-19 ကာကွယ်ရေး ပစ္စည်းများကို ၂၀၂၀ခုနှစ် ဧပြီလ(၁၃)ရက်နေ့တွင် လှူဒါန်းကြောင်း သိရသည်။

ရန်ကုန်ဆေးတက္ကသိုလ်(၁) COVID 19 လုပ်ငန်းစဉ်အတွက် မန်းရတနာပုံလေကြောင်းလိုင်းမှ တာဝန်ရှိသူများက PPE အစုံ (၁,၀၀၀)၊ Goggles (၁,၀၀၀)၊ N 95 (၄,၀၀၀)နှင့် Surgical Mask (၅,၀၀၀)တို့ကို လှူဒါန်းရာ ရန်ကုန်ဆေးတက္ကသိုလ်(၁)၏ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက လက်ခံပေးခဲ့ကြောင်း သိရသည်။

COVID-19 ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လေ‌ေကြာင်းများ အားလုံး သွားလာမှု ယာယီပိတ်ထားသည့် အတွက် ပြန်လည်ပျံသည့်အချိန်တွင် တာချီလိတ်အတွက်လည်း လှူဒါန်းပေးရန်အတွက် မန်းရတနာပုံလေကြောင်းလိုင်းက စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~