အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးအထိမ်းအမှတ်ပစ္စည်းများအား ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်ရာ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း ၂၀၂၀ခုနှစ် မတ်လ(၅)ရက်နေ့ ရက်စွဲဖြင့် အသိပေးထားရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုက အမှတ်တံဆိပ်များပါသည့် ဉီးထုပ်တစ်လုံးလျှင် (၇၂၀)ကျပ် နှင့် ဝတ်စုံတစ်စုံလျှင် (၁၁၀၀)ဖြင့် မြို့နယ်များသို့ တစ်မြို့နယ်လျှင် အရေအတွက် (၄၀၀)စီဖြင့် ပထမအကြိမ် နှစ်သုတ်ခွဲကာ ဖြန့်ချပေးမည်ဖြစ်ပြီး ဒုတိယအကြိမ်လည်း ဆက်လက်ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်များအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမှတ်တံဆိပ်များပါသည့် ဉီးထုပ်နှင့် ဝတ်စုံများကို ပြန်လည်ရောင်းချရာတွင် သတ်မှတ်ပေးထားသည့် ဈေးနှုန်းများအဖြစ် ဉီးထုပ်တစ်လုံးလျှင် ကျပ်(၈၀၀)၊ ဝတ်စုံတစ်စုံလျှင် ကျပ်(၁၂၀၀)ဖြင့်သာ ရောင်းချရမည်ဖြစ်ပြီး ဉီးထုပ်တစ်လုံးလျှင် ကျပ်(၈၀) နှင့် ဝတ်စုံတစ်စုံလျှင် ကျပ်(၁၀၀)ကို သယ်ယူစရိတ်အဖြစ် ပိုတွက်ပေးထားသည့်အတွက် သတ်မှတ်ဈေးထက် ပိုရောင်းပါက အရေးယူခံရမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အသိပေးထားရှိခြင်း ဖြစ်သည်။
၂၀၂၁ ပြက္ခဒိန်ကိုလည်း ၂၀၂၀ခုနှစ် စက်တင်ဘာလအတွင်း ဖြန့်ချိမည်ဖြစ်ကြောင်းလည်း သိရသည်။
Tachileik News Agency