ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သင်္ကြန်အတွင်း မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခြင်းကို ရှောင်ကြဉ်ရန် သံရုံးက အသိပေး

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သင်္ကြန်အတွင်း မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခြင်းကို ရှောင်ကြဉ်ရန် သံရုံးက အသိပေး
မတ် 15, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သင်္ကြန်အတွင်း မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခြင်းကို ရှောင်ကြဉ်ရန် သံရုံးက အသိပေး

လတ်တလောဖြစ်ပေါ်နေသည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အနေဖြင့် သင်္ကြန်ကာလ မြန်မာနိုင်ငံသို့ ခေတ္တပြန်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ မြန်မာသံရုံးက ၂၀၂၀ခုနှစ် မတ်လ(၁၅)ရက်နေ့ ရက်စွဲဖြင့် အသိပေးထားရှိသည်။

ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်အား အန္တရာယ်ရှိသော ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ထားသည့်အတွက် သင်္ကြန်ကာလအတွင်း နေရပ်ပြန်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်ဝင်လာသည့် အလုပ်သမားများအား (၁၄)ရက် သီးခြား ခွဲထားကာ ရောဂါလက္ခဏာစောင့်ကြည့် စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတွက် ယခုလို ကာလအတွင်း နေရပ်မပြန်ဖို့ကို အသိပေးထားခြင်း ဖြစ်သည်။

ယင်းအပြင် ယခုလို ကာလတွင် ထိုင်းနိုင်ငံအစိုးရက အလုပ်သမားများ ခရီးသွားလာခြင်းကို အားမပေးလို၍ ထိုင်း Re-entry Visa ကြေးအား ယခင်နှစ်လို ကင်းလွတ်ခွင့် မပြုဘဲ ဘတ်(၁၀၀၀)ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

၂၀၂၀ခုနှစ် မတ်လ(၁၅)ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကူးစက်ခံရသူမရှိသေးသော်လည်း စောင့်ကြည့် သံသယသာ ရှိနေကြောင်း နှင့် ထိုင်းနိုင်ငံတွင် မတ်လ(၁၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်အထိ ကူးစက်ခံရသူ (၁၁၄)ဦး နှင့် သေဆုံးသူ (၁)ဦးရှိနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~