ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတင်းမှား ဖန်တီးသူ၊ ဖြန့်ဝေသူများကို အရေးယူမည် ဖြစ်ကြောင်း ဝန်ကြီးဌာန သတိပေး

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတင်းမှား ဖန်တီးသူ၊ ဖြန့်ဝေသူများကို အရေးယူမည် ဖြစ်ကြောင်း ဝန်ကြီးဌာန သတိပေး
မတ် 12, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတင်းမှား ဖန်တီးသူ၊ ဖြန့်ဝေသူများကို  အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးဌာန သတိပေး

COVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းမှား ဖန်တီးသူ၊ ဖြန့်ဝေသူများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့ ည (၁၀)နာရီတွင် ထုတ်ပြန်လိုက်သည်။

COVID-19 ရောဂါအခြေအနေနှင့် ပတ်သက်၍ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် သတင်းထုတ်ပြန်ပေးနေပြီး ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ ည (၁၀) နာရီအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့သေးကြောင်း သတင်းထုတ်ပြန်ထားသည်။

COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ (၁၁)ရက်နေ့တွင် ကြေညာလိုက်ပြီးနောက် ကောလဟလသတင်းမှားများကို ပုံစံအမျိုးမျိုးဖြင့် ဖြန့်ဖြူးမှုများ ရှိနေ၍ သတိထားကြရန် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

မသမာသူများက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍လည်းကောင်း၊ လူထု၏ စိုးရိမ်ထိန်လန့်မှု အပေါ်တွင် မကောင်းသောစိတ်ထားဖြင့် အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားများကို ဖန်တီးဖြန့်ဖြူးနေရာတွင် မတ်လ (၁၂)ရက်နေ့ ညနေပိုင်း၌ လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးမှုလည်း ရှိနေကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်ထားပြီး လူအများအပြားက ပြန်လည်ဖြန့်ဝေနေကြခြင်းဖြစ်သည်။

COVID-19 နှင့်ပတ်သက်၍ သိရှိလိုပါက https://www.facebook.com/MinistryOfHealthAndSportsMyanmar  နှင့် https://www.facebook.com/MyanmarCDC/  တို့တွင် ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~