ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးဝါး၊ ဆေးရုံသုံးပစ္စည်းနှင့် အလှူငွေများ ပူးပေါင်းကူညီနိုင်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးဝါး၊ ဆေးရုံသုံးပစ္စည်းနှင့် အလှူငွေများ ပူးပေါင်းကူညီနိုင်
မတ် 21, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးဝါး၊ ဆေးရုံသုံးပစ္စည်းနှင့် အလှူငွေများ အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပူးပေါင်းကူညီနိုင်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် နီးစပ်ရာပြည်သူ့ဆေးရုံများတွင် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းနိုင်ပြီး အလှူငွေ လှူဒါန်းနိုင်မည့် ဘဏ်စာရင်းများကိုလည်း ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၌ Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထု တစ်ဦးချင်းအနေဖြင့် ပါဝင်ကူညီလိုပါက မြန်မာကျပ်ငွေစာရင်းအမှတ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် စာရင်းအမှတ် CF – 004880၊ ကမ္ဘောဇဘဏ် စာရင်းအမှတ် 034 103 034 0232 8301၊ ဧရာဝတီဘဏ် စာရင်းအမှတ် 000 110 501 002 5635၊ CB ဘဏ် စာရင်းအမှတ် 0093 1005 0000 1333 တို့သို့လည်းကောင်း နိုင်ငံခြားငွေစာရင်းအမှတ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် စာရင်းအမှတ် EDN -600010၊ ကမ္ဘောဇဘဏ် စာရင်းအမှတ် 034 109 034 0232 8301၊ ဧရာဝတီဘဏ် စာရင်းအမှတ် 000 110 503 000 0425၊ CB ဘဏ် စာရင်းအမှတ် 0093 1012 0000 2957 တို့မှတစ်ဆင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

ယင်းအပြင် ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးရုံသုံးစက်ကိရိယာများ လှူဒါန်းလိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံးသို့လည်းကောင်း၊ နီးစပ်ရာ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံးများသို့ လည်းကောင်း၊ နီးစပ်ရာပြည်သူ့ဆေးရုံများသို့လည်းကောင်း တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၅)နာရီခွဲအချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ  နိုင်ငံပေါင်း (၁၆၈)နိုင်ငံသို့ ပျံ့နှံ့နေပြီး အတည်ပြုလူနာပေါင်း (၂၀၉,၈၃၉)ဦးရှိသည့်အနက် သေဆုံးသူ (၈,၇၇၈)ဦး ရှိနေပြီဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~