မြန်မာနိုင်ငံတွင် မတ်လ(၁၆)ရက်နေ့အထိ တာချီလိတ် အပါအဝင် ဓါတ်ခွဲအဖြေစောင့် လူနာ(၁၀)ဦး ရှိနေ

မြန်မာနိုင်ငံတွင် မတ်လ(၁၆)ရက်နေ့အထိ တာချီလိတ် အပါအဝင် ဓါတ်ခွဲအဖြေစောင့် လူနာ(၁၀)ဦး ရှိနေ
မတ် 16, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင် မတ်လ(၁၆)ရက်နေ့အထိ တာချီလိတ် အပါအဝင် ဓါတ်ခွဲအဖြေစောင့် လူနာ(၁၀)ဦး ရှိနေ

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ ညနေ (၆)နာရီအထိ တာချီလိတ်၊ ရေနံချောင်းနှင့် စောင့်ကြည့် လူနာအသစ် (၃) ဦး အပါအဝင် ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေသူ  (၁၀)ဦးရှိနေပြီး ဂျာမနီနှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၃)ဦးကို ဆေးရုံတွင် (၁၄)ရက်ကြာ စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။

အသစ်ထပ်တိုးလာသည့် စောင့်ကြည့်လူနာ (၃)ဦးတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တို့မှ အမျိုးသား (၂)ဦးမှာ ရောဂါဖြစ်ပွားသည့်နိုင်ငံများသို့ သွားရောက်ခဲ့ခြင်း မရှိသော်လည်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ဝမ်းပျက်ခြင်းစသည့် လက္ခဏာများ တွေ့ရ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

တာချီလိတ်တွင် တွေ့ရသည့် စောင့်ကြည့်လူနာ တရုတ်နိုင်ငံသားမှာ တရုတ်နိုင်ငံ ကူမင်းမြို့မှ လာခဲ့သူဖြစ်ပြီး မတ်လ(၁၅)ရက်နေ့က ကိုယ်အပူချိန်မြင့်နေသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် မတ်လ(၁၆)ရက်နေ့တွင် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ  စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

တာချီလိတ်တွင် အဆိုပါ တရုတ်နိုင်ငံသား စောင့်ကြည့်လူနာနှင့်အတူ ကူမင်းမှ တာချီလိတ်အထိ အတူလိုက်ပါလာသည့် တရုတ်နိုင်ငံသားကိုပါ ဆေးရုံတွင် စောင့်ကြည့်ကုသမှုပေးထားခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာကို မြန်မာနိုင်ငံတွင် မတ်လ (၁၆)ရက်နေ့အထိ မတွေ့ရသေးသော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၄၃) နိုင်ငံတွင် ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Tachileik News Agency

ဆက်စပ်သတင်း

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦး ဆေးရုံလိုက်ရန် ငြင်းဆန်နေ၍ သံရုံးအကူအညီတောင်းခံထားရ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်သည့် တရုတ်နိုင်ငံသားများကို ဆေးရုံသို့လိုက်ရန် (၃) နာရီကြာ ဖျောင်းဖြခေါ်ဆောင်ထားရ

တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့သူများကို ဓါတ်ခွဲခန်းအဖြေထွက်သည်အထိ စောင့်ကြည့်စစ်ဆေးထားမည်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~