ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်နေသည့် နိုင်ငံပေါင်း (၇)နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သူများကို သီးသန့် စောင့်ကြည့်မည်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်နေသည့် နိုင်ငံပေါင်း (၇)နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သူများကို သီးသန့် စောင့်ကြည့်မည်
မတ် 16, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မြင့်နေသည့် နိုင်ငံပေါင်း (၇)နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သူများကို   သီးသန့် စောင့်ကြည့်မည်

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမြင့်နေသည့် တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နှင့် ဂျာမနီနိုင်ငံများတွင် နေထိုင်သူများနှင့် (၁၄)ရက်အတွင်း သွားရောက်ခဲ့သူများကို (၁၄) ရက်သီးသန့် စောင့်ကြည့်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တရုတ်နိုင်ငံ ဟူပေးပြည်နယ်၊ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးပြည်နယ်နှင့် ဂျောင်ဘွတ် ပြည်နယ်များတွင် နေထိုင်သူများနှင့် အဆိုပါဒေသမှ ပြန်လာပြီး (၁၄)ရက် မကျော်သေးသူများကို ပြည်ဝင်ခွင့် ပိတ်လိုက်ပြီး အဆိုပါဒေသများမှ ပြန်လာသည့် မြန်မာနိုင်ငံသားများကို (၁၄)ရက် သီးသန့် စောင့်ကြည့်ခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသများမှ လာရောက်သူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်ပေါ် မတက်မီ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုမဝသည့်လက္ခဏာများ မရှိကြောင်း အဆိုပါနိုင်ငံ၏ အသိအမှတ်ပြု ကျန်းမာရေးအဖွဲ့မှ ဆေးထောက်ခံစာပါမှ စီးနင်းခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~