အီရန်နိုင်ငံ၏ ကျန်းမာရေး ဒုဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဝန်ကြီးဌာန အတည်ပြု

အီရန်နိုင်ငံ၏ ကျန်းမာရေး ဒုဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဝန်ကြီးဌာန အတည်ပြု
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency

 အီရန်နိုင်ငံ၏ ကျန်းမာရေး ဒုဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဝန်ကြီးဌာန အတည်ပြု

အီရန်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ခံထားရသဖြင့် ကုသမှုခံနေရကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့၌ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်သည်။

အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကို ထိန်းချုပ်ရန်ကြိုးစားနေစဉ် အီရန်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Iraj Harirchi မှာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအရေအတွက် တရုတ်နိုင်ငံပြီးလျှင် အများဆုံးဖြစ်နေသည့်နိုင်ငံများတွင် အီရန်လည်း ပါဝင်နေပြီး ပြည်နယ် (၁၄)ခုရှိ ကျောင်းများနှင့် တက္ကသိုလ်များကို ဖေဖေါ်ဝါရီလ (၂၃)မှစ၍ ပိတ်ထားရခြင်းဖြစ်သည်။

အီရန်နိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားထားပြီး လက်ရှိအချိန်ထိ အီရန်တွင် ကူးစက်ခံရသူ ( ၆၁ )ဦးနှင့် သေဆုံးသူ (  ၁၅)ဦး ရှိနေပြီဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ လက်ရှိအချိန်တွင် နိုငငံပေါင်း (၃၄)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။

Tachileik News Agency
Source: Business Insider UK

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~