မူးယစ်ဆေးဝါးလာပို့သည့် အမျိုးသမီးအား စိတ်ကြွဆေးပြား တစ်သောင်းလေးထောင်ကျော်နှင့်အတူ ဖမ်းမိ

မူးယစ်ဆေးဝါးလာပို့သည့် အမျိုးသမီးအား စိတ်ကြွဆေးပြား တစ်သောင်းလေးထောင်ကျော်နှင့်အတူ ဖမ်းမိ
ဧပွီ 2, 2019
By Tachileik News Agency


ပါဆတ်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ ညနေ (၆)နာရီကျော်က စောင့်ဆိုင်းနေကြစဉ် SHN နံပါတ်ပါ HARRIER အမျိုးအစားမော်တော်ယာဉ်ဖြင့် ရောက်လာသည့် နန်းအေးယိင်းအား စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။



မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် အသက် (၄၆)နှစ်အရွယ် နန်းအေးယိင်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်စစ်ဆေးနေကြောငုး သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာ မူးယစ်ဆေးလာပို့သည့် အမျိုးသမီးတစ်ဦးကို စိတ်ကြွဆေးပြား (၁၄,၁၅၇)ပြားဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။

ပါဆတ်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ ညနေ (၆)နာရီကျော်က စောင့်ဆိုင်းနကြေစဉ် SHN နံပါတ်ပါ HARRIER အမျိုးအစားမော်တော်ယာဉ်ဖြင့် ရောက်လာသည့် နန်းအေးယိင်းအား စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

နန်းအေးယိင်း၏ လက်ကိုင်အိတ်အတွင်းမှ စိတ်ကြွဆေးပြား စုစုပေါင်း (၁၄,ဝဝဝ)ပြားနှင့် လွယ်ထားသည့်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၅၇)ပြားတို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ညနေ(၆)နာရီခွဲအချိန်တွင် နန်းအေးယိင်းနေထိုင်ရာ ပါဆတ်ရပ်ကွက်ရှိ နေအိမ်ခန်းအား ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးမတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် အသက် (၄၆)နှစ်အရွယ် နန်းအေးယိင်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်စစ်ဆေးနေကြောငု်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net