တရုတ္ႏုိင္ငံတြင္ လစာေကာင္းသည့္ အလုပ္ရမည္ဟုဆိုကာ ပို႔ေဆာင္ခဲ့ေသာ္လည္း အလုပ္မရဘဲ ျပန္လာရသူမ်ားက လုပ္ငန္းလုိင္စင္မရိွဘဲ တရုတ္ႏုိင္ငံသို႔ အလုပ္သမားပို႔ေဆာင္ေစလႊတ္ခဲ့သူႏွစ္ဦးကို အမႈဖြင့္တုိင္ၾကားထားေၾကာင္း သိရသည္။
မေကြးတိုင္းေဒသႀကီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ပုလင္းျပားႀကီးေက်းရြာမွ အသက္ (၃၀)အရြယ္ ၿဖိဳးေအာင္ႏွင့္ ဇနီးျဖစ္သူ အသက္(၂၇)ႏွစ္အရြယ္ မဇင္တို႔က တစ္ရြာတည္းေန အမ်ိဳးသား၊အမ်ိဳးသမီး စုစုေပါင္း (၁၅)ဦးကို တရုတ္ႏုိင္ငံတြင္ တစ္ေန႔လွ်င္ တရုတ္ယြမ္ (၁၀၀)ႏႈန္းျဖင့္ ႀကံခုတ္လုပ္ငန္းရမည္ဟုဆိုကာ တစ္ဦးလွ်င္ အက်ိဳးေဆာင္ခ က်ပ္ (၁၅၀,၀၀၀)ျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၇)ရက္ေန႔က တရုတ္ႏုိင္ငံသို႔ လုိက္ပါပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တ႐ုတ္နိုင္ငံတြင္ ႀကံခုတ္သည့္အလုပ္ မလုပ္ရဘဲ ၾကဳံရာက်ပန္း လုပ္ကိုင္ခဲ့ရသျဖင့္ (၁၅)ဦးအဖြဲ႕မွ ဦးမိုးေဇာ္က ဒီဇင္ဘာလ (၃၀) ရက္ေန႔တြင္ ေက်းရြာသို႔ ျပန္လာၿပီးစုံစမ္းရာ ၿဖိဳးေအာင္ႏွင့္ ၎၏ဇနီးတို႔သည္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးဆိုင္ရာ အက်ိဳးေဆာင္လုပ္ငန္း လိုင္စင္မရွိဘဲ လုပ္ကိုင္ျခင္းျဖစ္ေၾကာင္း သိရွိရေသာေၾကာင့္ အေရးယူေပးရန္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၂) ရက္ေန႔က ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းသို႔ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တရားမဝင္အလုပ္သမားပို႔ေဆာင္သည့္ ၿဖိဳးေအာင္ႏွင့္ မဇင္တို႔အား ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၀၆/၂၀၁၉၊ ျပည္ပအလုပ္အကိုင္ရွာေဖြေရးဆိုင္ရာဥပေဒပုဒ္မ ၂၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
Tachileik News Agency
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုလင်းပြားကြီးကျေးရွာမှ အသက် (၃၀)အရွယ် ဖြိုးအောင်နှင့် ဇနီးဖြစ်သူ အသက်(၂၇)နှစ်အရွယ် မဇင်တို့က တစ်ရွာတည်းနေ အမျိုးသား၊အမျိုးသမီး စုစုပေါင်း (၁၅)ဦးကို တရုတ်နိုင်ငံတွင် တစ်နေ့လျှင် တရုတ်ယွမ် (၁၀၀)နှုန်းဖြင့် ကြံခုတ်လုပ်ငန်းရမည်ဟုဆိုကာ တစ်ဦးလျှင် အကျိုးဆောင်ခ ကျပ် (၁၅၀,ဝဝဝ)ဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့က တရုတ်နိုင်ငံသို့ လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ကြံခုတ်သည့်အလုပ် မလုပ်ရဘဲ ကြုံရာကျပန်း လုပ်ကိုင်ခဲ့ရသဖြင့် (၁၅)ဦးအဖွဲ့မှ ဦးမိုးဇော်က ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ကျေးရွာသို့ ပြန်လာပြီးစုံစမ်းရာ ဖြိုးအောင်နှင့်၎င်း၏ဇနီးတို့သည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးဆိုင်ရာ အကျိုးဆောင်လုပ်ငန်း လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် အရေးယူပေးရန် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့က မြို့သစ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင်အလုပ်သမားပို့ဆောင်သည့် ဖြိုးအောင်နှင့် မဇင်တို့အား မြို့သစ်မြို့မရဲစခန်းတွင် (ပ)၂၀၆/၂၀၁၉၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency