မူးယစ်ဆေးများနှင့်ဖမ်းဆီးရမိသည့် ဘုန်းကြီးနှင့် သီလရှင်အား လူဝတ်လဲစေပြီး အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
Tachileik News Agency
Ref:Bangkok Post
***********
ရဲတပ်ဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွင်းရှာဖွေစစ်ဆေးမှုအတွင်း ဘုန်းကြီးတစ်ပါးထံမှ စိတ်ကြွဆေးပြား၊ သေနတ်နှင့်ခဲယမ်းများကို ဖမ်းဆီးရမိပြီးနောက် ဆက်စပ်ဖော်ထုတ်ချက်အရ သီလရှင်တစ်ပါးကိုလည်း စိတ်ကြွဆေးပြားများဖြင့် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။
ထိုင်းမူးယစ်တပ်ဖွဲ့က Yong ခရိုင်ရှိ ဘုန်းတော်ကြီးကျောင်းအား ဝင်ရောက်စစ်ဆေးရာ ပလတ်စတစ်အိတ်နှစ်အိတ်ဖြင့်ခွဲ၍ ထည့်ထားသည့် စိတ်ကြွဆေးပြား (၆၅၂၄)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး ပလတ်စတစ်အိတ်ငယ်အထုပ်နှင့် အိုင်ဖုန်းကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့က သတင်းဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းနောက် ဖမ်းဆီးရမိသည့် အသက် (၃၈)နှစ်အရွယ် ဘုန်းကြီးက ဆက်လက်ထွက်ဆိုသဖြင့် အဆိုပါကျောင်းတိုက်အတွင်းမှ အသက် (၂၆)နှစ်အရွယ် သီလရှင်၏အခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၆၀)ပြား၊ ပလတ်စတစ်အိတ်ငယ်များနှင့် လက်ကိုင်ဖုန်း (၃)လုံးတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဆက်လက်ဖော်ထုတ်ချက်အရ တံတားအောက်တွင် ဝှက်ထားသည့် M 16 ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၅၀)၊ စိတ်ကြွဆေးပြား (၁၂၄၂)ပြားတို့ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်ဖမ်းဆီးရမိသည့် ဘုန်းကြီးနှင့် သီလရှင်အား လူဝတ်လဲစပြေီး အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
Tachileik News Agency
Ref:Bangkok Post