တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ႏွင့္ရပ္ကြက္ေနသူမ်ား ကင္းလွည့္ရာက စိတ္ၾကြေဆးျပား ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ႏွင့္ရပ္ကြက္ေနသူမ်ား ကင္းလွည့္ရာက စိတ္ၾကြေဆးျပား ဖမ္းမိ
မတ် 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္လူထုႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕တုိ႔ ၂၀၁၉ ခုႏွစ္၊ မတ္လ(၁၈)ရက္ေန႔ညက ရပ္ကြက္အတြင္း ကိုယ္ထူကိုယ္ထကင္းလွည့္ရာ စိတ္ၾကြေဆးျပား (၉)ျပားႏွင့္အတူ အမ်ိဳးသားတစ္ဦးကို ေတြ႔ရသျဖင့္ ဖမ္းဆီးကာ ရဲတပ္ဖြဲ႕ထံ အပ္ႏွံလိုက္ၿပီး အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ကိုယ္ထူကိုယ္ထလွည့္ကင္းအဖြဲ႕က မယ္ေခါင္ရပ္ကြက္ အပိုင္း(ခ)ဆိတ္ၿခံအနီး မယ္ဆုိင္ေရေခ်ာင္းေဘးလမ္းအတုိင္း ကင္းလွည့္ၾကစဥ္ မယ္ေခါင္ေရေခ်ာင္းေဘးမွ အိတ္တစ္လံုးဆြဲ၍ လမ္းေလွ်ာက္လာသည့္ မင္းမင္းဆိုသူအား ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သက္ေသမ်ားေရွ႕တြင္စစ္ေဆးရာ မင္းမင္း၏အိတ္အတြင္းမွ ဓာတ္မီးထဲတြင္သို၀ွက္ထည့္သြင္းလာသည့္ စိတ္ၾကြေဆးျပား (၉)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

"ကီလိုေကာက္တဲ့သူေပါ့။ မယ္ဆိုင္ေခ်ာင္းေဘးမွာေတြ႕တာ။ ေဆးျပား (၉) ျပားေတြ႕တာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဒုတိယနယ္ထိန္းေခါင္းေဆာင္ ရဲအရာခံေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

မူးယစ္ေဆးဝါးႏွင့္အတူ ဖမ္းဆီးရမိသည့္ မင္းမင္းကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆ (၈)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မယ္ေခါင္ရပ္ကြက္လူထုက ရပ္ကြက္အတြင္း ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္ျခင္းမရိွေစေရးႏွင့္ မူးယစ္ေဆးသံုးစြဲသူမ်ား လာေရာက္ခိုေအာင္းျခင္းမရိွေစေရးအတြက္ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက ရပ္ကြက္လူထုႏွင့္အတူ ကိုုယ္ထူကိုယ္ထကင္းလွည့္ျခင္းကို ေဆာင္ရြက္ေလ့ရိွၿပီး မသကၤာဖြယ္ေတြ႔ရိွပါက ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားလႊဲေျပာင္းေပးေလ့ရိွေၾကာင္း သိရသည္။

မယ္ေခါင္ရပ္ကြက္အတြင္း ညပိုင္းလွည့္ကင္းမ်ားေဆာင္ရြက္ရာတြင္ ရပ္ကြက္တြင္း ေမွာင္ရိပ္က်သည့္ေနရာမ်ားႏွင့္ မယ္ေခါင္ေခ်ာင္းေဘးတြင္ တဲအိမ္ငယ္ေလးမ်ားေဆာက္လုပ္ထားၿပီး မူးယစ္ေဆးလာေရာက္သံုးစြဲသူမ်ားကို မၾကာခဏေတြ႕ရေလ့ရိွေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်လူထုနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ညက ရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထကင်းလှည့်ရာ စိတ်ကြွဆေးပြား (၉)ပြားနှင့်အတူ အမျိုးသားတစ်ဦးကို တွေ့ရသဖြင့် ဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကိုယ်ထူကိုယ်ထလှည့်ကင်းအဖွဲ့က မယ်ခေါင်ရပ်ကွက် အပိုင်း(ခ)ဆိတ်ခြံအနီး မယ်ဆိုင်ရေချောင်းဘေးလမ်းအတိုင်း ကင်းလှည့်ကြစဉ် မယ်ခေါင်ရေချောင်းဘေးမှ အိတ်တစ်လုံးဆွဲ၍ လမ်းလျှောက်လာသည့် မင်းမင်းဆိုသူအား တွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သက်သေများရှေ့တွင်စစ်ဆေးရာ မင်းမင်း၏အိတ်အတွင်းမှ ဓာတ်မီးထဲတွင်သိုဝှက်ထည့်သွင်းလာသည့် စိတ်ကြွဆေးပြား (၉)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

"ကီလိုကောက်တဲ့သူပေါ့။ မယ်ဆိုင်ချောင်းဘေးမှာတွေ့တာ။ ဆေးပြား (၉) ပြားတွေ့တာပေါ့"ဟု တာချီလိတ်မြို့မရဲစခန်းမှ ဒုတိယနယ်ထိန်းခေါင်းဆောင် ရဲအရာခံကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် မင်းမင်းကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆ (၈)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မယ်ခေါင်ရပ်ကွက်လူထုက ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်းမရှိစေရေးနှင့် မူးယစ်ဆေးသုံးစွဲသူများ လာရောက်ခိုအောင်းခြင်းမရှိစေရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်လူထုနှင့်အတူ ကိုယ်ထူကိုယ်ထကင်းလှည့်ခြင်းကို ဆောင်ရွက်လေ့ရှိပြီး မသင်္ကာဖွယ်တွေ့ရှိပါက ရဲတပ်ဖွဲ့ထံ အကြောင်းကြားလွှဲပြောင်းပေးလေ့ရှိကြောင်း သိရသည်။

မယ်ခေါင်ရပ်ကွက်အတွင်း ညပိုင်းလှည့်ကင်းများဆောင်ရွက်ရာတွင် ရပ်ကွက်တွင်း မှောင်ရိပ်ကျသည့်နေရာများနှင့် မယ်ခေါင်ချောင်းဘေးတွင် တဲအိမ်ငယ်လေးများဆောက်လုပ်ထားပြီး မူးယစ်ဆေးလာရောက်သုံးစွဲသူများကို မကြာခဏတွေ့ရလေ့ရှိကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net