Tachileik News Agency
Ref: The Nation
************
ထိုင်းနိုင်ငံ၊ လန်းပန်းခရိုင်တွင် အိမ်နီးချင်းသူငယ်ချင်း၏ မိခင်ဖြစ်သူ အသက်(၆၈)နှစ်အရွယ်အမျိုးသမီးအား အဓမ္မပြုကျင့်သည့်လူငယ်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ အသက် (၂၆)နှစ်အရွယ် လူငယ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ နံနက် (၉)နာရီတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
အဆိုပါလူငယ်က သူငယ်ချင်း (၆)ဦးနှင့်အတူ အရက်သွားသောက်ပြီး မတ်လ (၂၇)ရက်နေ့ နံနက် (၂)နာရီဝန်းကျင်က အိမ်ပြန်လာကြရာ အိမ်အနီးရှိ သူငယ်ချင်း၏နေအိမ်တွင် ဝင်အိပ်ခြင်းဖြစ်ကြောင်း သိရသည်။
နေအိမ်ခန်းသို့ဝင်လာစဉ် တစ်ဦးတည်းအိပ်နေသော သူငယ်ချင်းဖြစ်သူ၏မိခင်ကိုတွေ့ရသဖြင့် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
အဆိုပါ လူငယ်မှာ ယခင်ကလည်း မုဒိမ်းမှုဖြင့်ထောင်ကျခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့က ပြန်လွတ်လာသူဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref: The Nation