ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕လယ္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘးရိွ နန္းနန္းဘြန္းေက်ာက္ေရႊဆုိင္တြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၉)ရက္ေန႔ နံနက္ (၇)နာရီဝန္းက်င္က ဝင္ေရာက္အႏုၾကမ္းစီးသည့္ ေသနတ္ကိုင္ လူ (၆)ဦးအဖြဲ႔သည္ ေရႊ (၈၀)က်ပ္သားဝန္းက်င္၊ စိန္ထည္ပစၥည္း ဘတ္သိန္း (၂၀)ဖိုးခန္႔၊ ထုိင္းဘတ္ေငြ သိန္း (၂၀)ႏွင့္ လက္ကိုင္ဖုန္း (၇)လံုးတုိ႔ႏွင့္အတူ ထြက္ေျပးလြတ္ေျမာက္ေနေၾကာင္းသိရသည္။
အဆိုပါ အႏုၾကမ္းစီးခံရမႈျဖစ္စဥ္ ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕ထံသို႔ နံနက္ (၁၀)နာရီ (၅၀)ဝန္းက်င္အခ်ိန္တြင္ သတင္းေပးပို႔သျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
နန္းနန္းဘြန္းေက်ာက္ေရႊဆုိင္ေဘးလမ္းၾကားသို႔ နံနက္ (၇)နာရီဝန္းက်င္က ကားတစ္စီးေရာက္လာၿပီး ေသနတ္ကိုင္ထားသည့္ လူ(၄)ဦး အပါအဝင္ လူ(၆)ဦးက ေရႊဆုိင္အိမ္၏ ေနာက္ေဖးတံခါးမွတစ္ဆင့္ ေရႊဆုိင္အတြင္း ဝင္လာကာ ေသနတ္ကိုင္လာသူမ်ားက ဆုိင္ရွင္ ဦးအုိက္ဘြန္းႏွင့္ မိခင္ ေဒၚနန္းေတြ႕၊ အိမ္အကူ ေဒၚနန္းဖြန္၊ ဆိုင္ဝန္ထမ္း မနန္းဆုိင္ဆိတို႔အား ေသနတ္ျဖင့္ခ်ိန္ကာ လက္ျပန္ႀကိဳးတုပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
က်န္လူ(၂)ဦးက ေဒၚနန္းေတြ႔၏ အိပ္ခန္းအတြင္း မီးခံေသတၱာအတြင္းမွ ေရႊထည္၊ စိန္ထည္ပစၥည္းမ်ား၊ ဦးအုိက္ဘြန္း၏ အိပ္ခန္းအတြင္းမွ ထုိင္းဘတ္ေငြ သိန္း (၂၀)တုိ႔ကို ယူေဆာင္သြားသည့္အျပင္ လက္ကိုင္ဖုန္း (၇)လံုးကိုပါ ယူေဆာင္သြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္ ရဲတပ္ဖြဲ႔မွ အႏုၾကမ္းစီးထြက္ေျပးသူမ်ားေနာက္သို႔ လိုက္လံရွာေဖြေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ခုႏွစ္၊ ၾသဂုတ္လ(၁၈)ရက္ေန႔ နံနက္(၁၀)နာရီေက်ာ္က ဗုိလ္ခ်ဳပ္လမ္းမႀကီးေဘးရိွ ဒိုင္းမြန္းေရႊဆုိင္တြင္ လူငယ္တစ္ဦးက ေသနတ္ကိုင္ဝင္ေရာက္လုယက္မႈေၾကာင့္ ေရႊလာဝယ္သည့္ မိန္းကေလးတစ္ဦး ဒဏ္ရာရခဲ့ကာ အခင္းျဖစ္ပြားၿပီး ရက္ (၂၀)အၾကာတြင္ က်ဴးလြန္သူႏွင့္အတူ ပူးေပါင္းကူညီသူ (၅)ဦးကိုပါ ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္သည္။
Tachileik News Agency
အဆိုပါ အနုကြမ်းစီးခံရမှုဖြစ်စဉ် နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံသို့ နံနက် (၁၀)နာရီ (၅၀)ဝန်းကျင်အချိန်တွင် သတင်းပေးပို့သဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နန်းနန်းဘွန်းကျောက်ရွှေဆိုင်ဘေးလမ်းကြားသို့ နံနက် (၇)နာရီဝန်းကျင်က ကားတစ်စီးရောက်လာပြီး သေနတ်ကိုင်ထားသည့် လူ(၄)ဦး အပါအဝင် လူ(၆)ဦးက ရွှေဆိုင်အိမ်၏ နောက်ဖေးတံခါးမှတစ်ဆင့် ရွှေဆိုင်အတွင်း ဝင်လာကာ သေနတ်ကိုင်လာသူများက ဆိုင်ရှင် ဦးအိုက်ဘွန်းနှင့် မိခင် ဒေါ်နန်းတွေ့၊ အိမ်အကူ ဒေါ်နန်းဖွန်၊ ဆိုင်ဝန်ထမ်း မနန်းဆိုင်ဆိတို့အား သေနတ်ဖြင့်ချိန်ကာ လက်ပြန်ကြိုးတုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကျန်လူ(၂)ဦးက ဒေါ်နန်းတွေ့၏ အိပ်ခန်းအတွင်း မီးခံသေတ္တာအတွင်းမှ ရွှေထည်၊ စိန်ထည်ပစ္စည်းများ၊ ဦးအိုက်ဘွန်း၏ အိပ်ခန်းအတွင်းမှ ထိုင်းဘတ်ငွေ သိန်း (၂၀)တို့ကို ယူဆောင်သွားသည့်အပြင် လက်ကိုင်ဖုန်း (၇)လုံးကိုပါ ယူဆောင်သွားကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့မှ အနုကြမ်းစီးထွက်ပြေးသူများနောက်သို့ လိုက်လံရှာဖွေနေကြောင်း တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့တွင် ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီကျော်က ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ ဒိုင်းမွန်းရွှေဆိုင်တွင် လူငယ်တစ်ဦးက သေနတ်ကိုင်ဝင်ရောက်လုယက်မှုကြောင့် ရွှေလာဝယ်သည့် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့ကာ အခင်းဖြစ်ပွားပြီး ရက် (၂၀)အကြာတွင် ကျူးလွန်သူနှင့်အတူ ပူးပေါင်းကူညီသူ (၅)ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency