ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း မုိင္းျဖတ္ - မုိင္းခုတ္ကားလမ္းေဘး ေခ်ာက္အတြင္း၌ အမ်ဳိးသားတစ္ဦး၏ အရိုးစုမ်ားအား ေတြ႔ရွိရေၾကာင္း သိရသည္။
မိုင္းျဖတ္ၿမိဳ႕နယ္၊ ေကာင္းမႈေက်းရြာအုပ္စု၊ ေကာင္းမႈေက်းရြာအနီး မုိင္းျဖတ္ - မုိင္းခုတ္ကားလမ္းေဘး ေခ်ာက္အတြင္း၌ အရိုးစုတစ္စုေတြ႔ရေၾကာင္း ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၀)ရက္ေန႔ ေန႔လယ္ (၂)နာရီ (၄၅)မိနစ္အခ်ိန္တြင္ မုိင္းျဖတ္ၿမိဳ႕မစခန္းသို႔ အေၾကာင္းၾကားသျဖင့္ သက္ဆုိင္ရာရဲတပ္ဖြဲ႕မ်ား၊ ၿမိဳ႕နယ္ဆရာဝန္ႀကီး၊ တရားသူႀကီးႏွင့္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေကာင္းမႈျပည္သူ႔စစ္စခန္းကုန္းႏွင့္ နားေယာင္းေက်းရြာၾကား ကားလမ္းေဘးေခ်ာက္အတြင္း၌ အရိုးစုအား ေတြ႔ရျခင္းျဖစ္ၿပီး အနက္ေရာင္ဂ်င္းေဘာင္းဘီရွည္၊ အညိဳေရာင္ေခါင္းစြပ္စပို႔ရွမ္လက္ရွည္ဝတ္ဆင္ထားသည့္ အရပ္ (၅)ေပခန္႔ အသက္ (၂၀)မွ (၃၀)ၾကား အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္း ႏွင့္ လြန္ခဲ့သည့္ (၃)လခန္႔က ေသဆံုးသည္ဟု ဆရာဝန္၏ကနဦးစစ္ေဆးအတည္ျပဳခ်က္အရ သိရသည္။
ေသဆံုးသူအနီးတြင္ SPORT စာတမ္းပါ အနက္ေရာင္ေက်ာပိုိးအိတ္တစ္လံုးႏွင့္ အိတ္အတြင္း၌ LEVIS စာတန္းပါ မီးခိုးေရာင္ဂ်င္းေဘာင္းဘီရွည္တစ္ထည္၊ JJ Thailand တံဆိပ္ပါ ျဖဴ၊နီ၊ဝါၾကား ေဘာင္းဘီတို တစ္ထည္၊ LED တံဆိပ္ပါ အနက္ေရာင္ဂ်င္းေဘာင္းဘီရွည္တစ္ထည္၊ ရင္ဘတ္တြင္ ကာတြန္းပံုပါ အညိဳေရာင္တီရွပ္လက္တိုအက်ီ ၤတစ္ထည္၊ အစိမ္းႏုေရာင္ေပ်ာက္ၾကားေဘာင္းဘီရွည္တစ္ထည္တုိ႔ကို ေတြ႔ရိွထားေၾကာင္း သိရသည္။
အဆိုပါ လူေသအေလာင္းေတြ႔ရိွမႈႏွင့္ ပတ္သက္၍ မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းျဖစ္စဥ္ ၁/၂၀၁၉ ျဖင့္ မတ္လ (၃၀)ရက္ေန႔က အမႈဖြင့္ထားေၾကာင္း သိရသည္။
Tachileik News Agency
မိုင်းဖြတ်မြို့နယ်၊ ကောင်းမှုကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာအနီး မိုင်းဖြတ် - မိုင်းခုတ်ကားလမ်းဘေး ချောက်အတွင်း၌ အရိုးစုတစ်စုတွေ့ရကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်တွင် မိုင်းဖြတ်မြို့မစခန်းသို့ အကြောင်းကြားသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့များ၊ မြို့နယ်ဆရာဝန်ကြီး၊ တရားသူကြီးနှင့် သက်သေများပါဝင်သည့်အဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကောင်းမှုပြည်သူ့စစ်စခန်းကုန်းနှင့် နားယောင်းကျေးရွာကြား ကားလမ်းဘေးချောက်အတွင်း၌ အရိုးစုအား တွေ့ရခြင်းဖြစ်ပြီး အနက်ရောင်ဂျင်းဘောင်းဘီရှည်၊ အညိုရောင်ခေါင်းစွပ်စပို့ရှမ်လက်ရှည်ဝတ်ဆင်ထားသည့် အရပ် (၅)ပေခန့် အသက် (၂၀)မှ (၃၀)ကြား အမျိုးသားတစ်ဦးဖြစ်ကြောင်း နှင့် လွန်ခဲ့သည့် (၃)လခန့်က သေဆုံးသည်ဟု ဆရာဝန်၏ကနဦးစစ်ဆေးအတည်ပြုချက်အရ သိရသည်။
သေဆုံးသူအနီးတွင် SPORT စာတမ်းပါ အနက်ရောင်ကျောပိုးအိတ်တစ်လုံးနှင့် အိတ်အတွင်း၌ LEVIS စာတန်းပါ မီးခိုးရောင်ဂျင်းဘောင်းဘီရှည်တစ်ထည်၊ JJ Thailand တံဆိပ်ပါ ဖြူ၊နီ၊ဝါကြား ဘောင်းဘီတို တစ်ထည်၊ LED တံဆိပ်ပါ အနက်ရောင်ဂျင်းဘောင်းဘီရှည်တစ်ထည်၊ ရင်ဘတ်တွင် ကာတွန်းပုံပါ အညိုရောင်တီရှပ်လက်တိုအင်္ကျီ တစ်ထည်၊ အစိမ်းနုရောင်ပျောက်ကြားဘောင်းဘီရှည်တစ်ထည်တို့ကို တွေ့ရှိထားကြောင်း သိရသည်။
အဆိုပါ လူသေအလောင်းတွေ့ရှိမှုနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် သေမှုသေခင်းဖြစ်စဉ် ၁/၂၀၁၉ ဖြင့် မတ်လ (၃၀)ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency