"ဖမ္းမိတဲ့ ဆိုင္ကယ္ေတြကို အေရးယူသြားမွာပါ။ လက္ရိွဖမ္းထားတာ (၁၁)စီး (၁၂)စီးေလာက္ရိွၿပီ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္ဝါရီလ (၁၇)ရက္ေန႔ ညပိုင္းတြင္ ေျပာသည္။
ေဆးခမ္းရပ္ကြက္အပိုင္း တာခ်ီလိတ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္အနီးတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦး ႏွင့္ သက္ဆုိင္ရာ တပ္ဖြဲ႔၀င္မ်ား၊ ေဟာင္လိတ္ရဲကင္းစခန္းမွဴး ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ျပည္နယ္(မႈ/ကူ)၊ နယ္ေျမခံတပ္ႏွင့္ ျပည္သူ႔စစ္အဖြဲ႔၀င္မ်ား၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးရာတြင္ မယ္ယန္းဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းဘက္သို႔ ေမာင္းႏွင္လာသည့္ ပါဝါအိတ္ေဇာတပ္ဆင္ထားသည့္ ဆိုင္ကယ္တစ္စီးႏွင့္ ေဆခမ္းရပ္ကြက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ေမာင္းႏွင္လာသည့္ ပါဝါအိတ္ေဇာတပ္ ဆိုင္ကယ္တစ္စီးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
လက္ရိွအခ်ိန္အထိ ဖမ္းဆီးအေရးယူထားသည့္ ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္(၂၀၀) ေက်ာ္မွ အိတ္ေဇာမ်ားကို ျဖဳတ္ယူ သိမ္းဆည္းထားရာတြင္ အဆိုပါ အိတ္ေဇာမ်ားကို ရွမ္းရိုးမကြင္းအတြင္း အမ်ားျပည္သူေရွ႕တြင္ လမ္းႀကိတ္စက္ျဖင့္ ဖ်က္စီး သြားမည္ျဖစ္ေၾကာင္းႏွင့္ ပါ၀ါအိတ္ေဇာ တပ္ဆင္ကာ ေမာင္းနင္းမႈအတြက္ ဒဏ္ေၾကးေငြအျမင့္ဆံုး က်ပ္တစ္သိန္းႏွင့္ ေထာင္ဒဏ္တစ္လခ်မွတ္ႏိုင္ေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္
"ဖမ်းမိတဲ့ ဆိုင်ကယ်တွေကို အရေးယူသွားမှာပါ။ လက်ရှိဖမ်းထားတာ (၁၁)စီး (၁၂)စီးလောက်ရှိပြီ"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ညပိုင်းတွင် ပြောသည်။
ဆေးခမ်းရပ်ကွက်အပိုင်း တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အနီးတွင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး နှင့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၊ ဟောင်လိတ်ရဲကင်းစခန်းမှူး နှင့် တပ်ဖွဲ့ဝင်များ၊ ပြည်နယ်(မှု/ကူ)၊ နယ်မြေခံတပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ရှောင်တခင်ပိတ်ဆို့စစ်ဆေးရာတွင် မယ်ယန်းဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ မောင်းနှင်လာသည့် ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ဆိုင်ကယ်တစ်စီးနှင့် ဆေခမ်းရပ်ကွက်မှ တာချီလိတ်မြို့တွင်းသို့ မောင်းနှင်လာသည့် ပါဝါအိတ်ဇောတပ် ဆိုင်ကယ်တစ်စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်အထိ ဖမ်းဆီးအရေးယူထားသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်(၂၀၀) ကျော်မှ အိတ်ဇောများကို ဖြုတ်ယူ သိမ်းဆည်းထားရာတွင် အဆိုပါ အိတ်ဇောများကို ရှမ်းရိုးမကွင်းအတွင်း အများပြည်သူရှေ့တွင် လမ်းကြိတ်စက်ဖြင့် ဖျက်စီး သွားမည်ဖြစ်ကြောင်းနှင့် ပါဝါအိတ်ဇော တပ်ဆင်ကာ မောင်းနင်းမှုအတွက် ဒဏ်ကြေးငွေအမြင့်ဆုံး ကျပ်တစ်သိန်းနှင့် ထောင်ဒဏ်တစ်လချမှတ်နိုင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်